A d v e r t i s e m e n t With Us

ဆီဒင်ကားတစီး ရေထဲမျောပြီး ခရီးသည်တင်ကားနှင့် ထိတ်လန့်ဖွယ် တိုက်မိ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှန်ဇီခရိုင်၊ ယူလင်းမြို့မှာ သြဂုတ်လ ၁၂ ရက်နေ့က အိမ်စီးဆီဒင်ကားတစီးနဲ့ ခရီးသည်တင်ဘတ်စ်ကားတစီး ထိတ်လန့်ဖွယ် တိုက်မိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီနေ့က လမ်းမပေါ်မှာ ရေတွေလျှံနေခဲ့တာဖြစ်ပြီး လမ်းတဖက်မှ မောင်းနှင်လာတဲ့ ဘတ်စ်ကားကြီးနဲ့ အိမ်စီးကားဟာ ထိပ်တိုက်တွေ့ကာ တိုက်မိခဲ့တာပါ။ အဆိုပါ အိမ်စီးကားအဖြူရောင်ပေါ်မှာ ယာဉ်မောင်းအမျိုးသမီးနဲ့အတူ သူ့ရဲ့ က လေးနဲ့ ယောက္ခမဖြစ်သူ အမျိုးသမီးတဦးပါဝင်ပြီး ရေစီးနေတဲ့ လမ်းလယ်ခေါင်မှာ ကားက ရေစီးနဲ့အတူမျောပါခဲ့တာ တွေ့ရပါတယ်။ ကားဘီးဟာ ချော်ထွက်ပြီး ဘေးကို ရေတွေပန်းထွက်နေကာ ကားပေါ်မှ ဆင်းလို့ မရပဲ ရှိနေခဲ့တာမို့ သူတို့ ၃ ဦးကို ဘတ်စ်ကားကြီးပေါ်မှ ခရီးသည်တွေက ကားပြတင်း ပေါက်မှတဆင့် ဆွဲထုတ်ကယ်တင်ခဲ့ကြရတာပါ။

A d v e r t i s e m e n t With Us

More News
Up