A d v e r t i s e m e n t With Us

ပိုကီမွန်ဂိမ်း ဇာတ်ကောင်ပုံစံဖြင့် ရေဘေးအလှူခံထွက် (သတင်းဓာတ်ပုံ)

ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့ ၇၀ ကျော်ထဲက လူငယ်တချို့စုပေါင်းပြီး လက်ရှိခေတ်စားနေတဲ့ ပိုကီမွန်းဂိမ်း ဇာတ်ကောင်အရုပ်ပုံစံတွေနဲ့ ရေဘေးအလှူခံမှုကို သြဂုတ်လ ၁၃ ရက် ဗန္ဓုလ ပန်းခြံ ဆူးလေမှာ စတင်ပြုလုပ်ပါတယ်။ တပတ်ကို ၂ ရက် အလှူခံမှာဖြစ်ပြီး လက်ရှိ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်တာ ကောက်ခံပြီးရင် ဧရာဝတီတိုင်းအတွင်းက ကံကြိးထောင့်အပါအဝင်ရေဘေးသင့်နေရာတွေကို အရင်သွားလှူဒါန်းမှာဖြစ်ပါတယ်။ လက်ရှိပြုလုပ်နေတဲ့ လူငယ်တွေက မိမိတို့ ပြုလုပ်နေတဲ့အဖွဲ့ ပရဟိတခေါင်းစဉ်တွေမှ မတပ်ဘဲ ပိုကီမွန်ဂိမ်း အိုင်ဒီယာကို ယူပြီး လူငယ်တွေစုပြီး ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဝက်ဝံမ နဲ့ ကိုတေဇာတို့ ပြောပါတယ်။ သတင်းဓာတ်ပုံ - လေးလေးမွန်  

A d v e r t i s e m e n t With Us

More News
Up