ပရီးမီးယားလိဂ်ချန်ပီယံ တန်းတက်အသင်းကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

1.9K
ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီးအသင်းက ပွဲဦးထွက်မှာပဲ တန်းတက်အသင်း ဟားစီးတီးကို ရှုံးသွားပါတယ်။
ဟာစီးတီးအတွက် ဦးဆောင်ဂိုးကို ဒီယိုမန်ဒီက ပထမပိုင်းပြီးကာနီးမှာ နောက်ပြန် ကန်ချက်နဲ့ လှလှပပ သွင်းယူပါတယ်။
ဒီဂိုးဟာ ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ အဖွင့်ဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ လက်စတာအတွက် ချေပဂိုးကို မာရက်ဇ်က ပင်နယ်တီကနေ သွင်းယူပါတယ်။
ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့် လက်စတာက ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ တိုက်စစ်မှူး ဗာဒီ အခွင့်အရေးတွေကို အသုံးမချလို့ ဂိုးတွေနဲ့ လွဲနေတာပါ။
ဟားစီးတီးအတွက် ဒုတိယဂိုးကို ၅၇ မိနစ်မှာ စနိုးဂရက်စ်က သွင်းယူပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံအသင်းတွေအနေနဲ့ ရာသီအစ ပွဲဦးထွက်မှာ ၁၉၈၉ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်တာ ဖြစ်ပါတယ်။