ကမ္ဘာ့ဈေးအကြီးဆုံး ခွေး ၁၀ မျိုး (ရုပ်သံ)

3.8K
ကမ္ဘာ့ဈေးအကြီးဆုံး ခွေး ၁၀ မျိုးကို ရွေးချယ်ပြီး Animaltubeက ယူကျူပေါ် တင်ထားပါတယ်။
ရွေးချယ်ထားတဲ့ခွေးတွေဟာ တကောင်ချင်းအလိုက် ကွဲပြားခြားနားမှုတွေ ရှိနေပေမယ့် စိတ်ကြိုက်ရွေးချယ်ထားတာ ဖြစ်တယ်လို့ ရုပ်သံဖိုင်မှာ ရေးသားထားပါတယ်။
နံပါတ် ၁ နေရာမှာ ရွေးချယ်ထားတဲ့ခွေးကတော့ ဆမ်မိုရစ်အမျိုးအစားဖြစ်ပြီး တန်ကြေးကတော့ ဒေါ်လာ ၁၁ ၀၀၀ အထိပေးရမှာ ဖြစ်ပါတယ်။
အင်္ဂလိပ် ဘူးလ်ဒေါ့ဖ်ကတော့ ဒေါ်လာ ၉၀၀၀ လောက်ပေးရပြီး စာရင်းမှာ နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ချောချောက ဒေါ်လာ ၈၅၀၀ နဲ့ နံပါတ် ၃ နေရာ သတ်မှတ်ထားပါတယ်။
ဒါအပြင် လိုးချန်ကတော့ ဒေါ်လာ ၈၀၀၀ နဲ့ နံပါတ် ၄၊ ဒေါ်လာ ၈၀၀၀ ရော့ဝေးလားက နံပါတ် ၅၊ တိဗက်မားစတက်ကတော့ ဒေါ်လာ ၇၀၀၀ နဲ့ နံပါတ် ၆နေရာပေးထားပါတယ်။
နံပါတ် ၇ ကတော့ အာကီတာ၊ နံပါတ် ၈ ကတော့ ပါရိုဟောင်း၊ နံပါတ် ၉ ကတော့ ဆာလူကီ၊ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေတဲ့ခွေးကတော့ အိုင်းရစ်ဝှဖ်ဟောင်းတို့ ဖြစ်ပါတယ်။
ဒါ့အပြင် ခွေးတွေရဲ့ လှုပ်ရှားနေပုံကိုလည်း ဗွီဒီယိုဖိုင်နဲ့ ရိုက်ကူးပြသထားပါတယ်။