A d v e r t i s e m e n t With Us

အမေရိကန်တွင် တိုက်ခန်းတခု မီးလောင်ပေါက်ကွဲ ၂ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ (ရုပ်သံ)

သြဂုတ် ၁၀ ရက်က အမေရိကန် ပြည်ထောင်စု မာရီလန်းက မောင်ကိုမာရီ စီရင်စု တိုက်ခန်းတခု ပေါက်ကွဲမီးလောင်လို့ အနည်းဆုံး ၂ ဦး ၃၄ ဦးဒဏ်ရာရပြီး လူတချို့ ပျောက်ဆုံးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာတော့ မီးသတ်သမား ၃ ဦးလည်း ပါဝင်နေပါတယ်။ လူ ဘယ်နှဦး ပျောက်ဆုံးနေသလဲဆိုတာကတော့ အတည်ပြုချက်မရသေးဘူးလို့ အမေရိကန် အေဘီစီသတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေသူတွေကတော့ စိစစ်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ အဆောက်အဦတခု ပြိုသွားပြီး အနီးနားက အဆောက်အဦတွေလည်း ပျက်စီးကုန်ပါတယ်။ သြဂုတ် ၁၁ ရက်မှာတော့ အပျက်အစီးထဲက အလောင်း ၂ ခုလို့ ယူဆရတဲ့ အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပြီး ဆေးစစ်ဖို့ အတွက် ဆေးရုံကို ပို့သခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ အလောင်း ၂ လောင်းဟာ ဘယ်သူတွေလဲဆိုတာ စုံစမ်းသူတွေက စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ တိုက်ခန်းမှာ နေထိုင်သူ ၁၁၀ နီးပါးရှိပြီး လက်ရှိအချိန်ထိ ပိတ်မိနေသေးတဲ့ သူရှိရင်တော့ အသက်ရှင်ဖို့ မလွယ်ဘူးလို့လည်း အရာရှိတွေကပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up