တာမွေတွင် ဆောက်လက်စတိုက် ၅ လွှာပြိုကျ၊ ၁ ဦးသေဆုံး (ရုပ်သံ)
တာမွေမြို့နယ်၊ နား နှာခေါင်း လည်ချောင်းဆေးရုံဝင်းအတွင်းမှာ ဒီကနေ နေ့လယ်ပိုင်းလောက်က ဆောက်လက်စ ၅ ထပ်တိုက်၊ ၅ လွှာမှ ငြမ်းဟာ ၄ လွှာကို ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ အဆောင်သစ်ဆောက်လက်စ အဆောက်အဦ ၅ လွှာဟာ ကွန်ကရစ်လောင်းရင်း ပြိုကျသွားတာဖြစ်ပြီး လုပ်ငန်းခွင်က အလုပ်သမား ကိုထွန်းလင်းနောင် ၃၂ နှစ် သေဆုံးသွားပါတယ်။
အဲ့ဒီ့ လုပ်ငန်းခွင်ကို မင်းလွင်ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေတဲ့အဆောက်ဦဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက စတင်ဆောက်လုပ်ခဲ့ တာဖြစ်ပါတယ်။
တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးကျော်လွင်ဦးက “အဆောက်အဦက ပေ ၂၀၀၊ ပေ ၇၀ ပတ်လည်။ သူဆောက်မှာကတော့ ၅ ထပ်တိုက်။ ၅ လွှာမှာ ဆလပ်လောင်းနေတဲ့အချိန် ပေ ၂၅၊ ပေ ၁၀၀ လောက်ရှိတဲ့ ဆလပ်ကြီးက အောက်ကို ပြိုကျသွားတယ်။-----------”
အပြည့်စုံ ရုပ်သံကြည့်ရှုရန်