A d v e r t i s e m e n t With Us

မြောက်ကိုရီးယားက ပထမဆုံး ဘီယာပွဲတော် (ရုပ်သံ)

မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ဘီယာပွဲတော်ကို မြို့တော် ပြုံယမ်းမှာ သြဂုတ် ၁၂ ရက်နေ့က ကျင်းပနေပါတယ်။ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ဒေသခံတွေ အယောက် ၈၀၀ ကျော် ပါဝင်ဆင်နွှဲပါတယ်။ တေးဒေါင်မြစ် ဆိပ်ခံတံတားပေါ်မှာ ဖွင့်ပွဲကို ညနေ ၅ နာရီမှာ ကျင်းပပါတယ်။ ဒီနေရာဟာ ပြုံယမ်းမြို့တော်ရဲ့ အထင်ရှားဆုံး အထင်ကရ နေရာတွေထဲက တနေရာပါ။ ဧည့်သည်တွေကို အကအလှတွေနဲ့ ဖျော်ဖြေပြီး ဘီယာ အခမဲ့တိုက်ပါတယ်။ ထေဒုံဂံ ဘီယာ အရောင်းမြှင့်တင်ရေးအတွက် ကျင်းပတဲ့ ဒီပွဲဟာ ရက် ၂၀ ကြာမယ်လို့ ဆိုပါတယ်။ ဒီဘီယာဟာ ပြုံယမ်းရဲ့ ပင်တိုင် အဖျော်ယမကာ ဖြစ်ပြီး နိုင်ငံတွင်း လူကြိုက်အများဆုံး ဘီယာ အမှတ်တံဆိပ်လို့လည်း ဆိုပါတယ်။ ပြုံယမ်းမြို့ကိုဖြတ်စီးတဲ့ တေးဒုံမြစ်ရဲ့ နာမည်ကို အစွဲပြုပြီး ဘီယာနာမည်ကို မှည့်ခေါ်ထားတာလည်း ဖြစ်ပါတယ်။ ဒီပွဲတော်ကို ဒီလ နှောင်းပိုင်းထိ တးဒုံဂံအပျော်စီးသင်္ဘောပေါ်မှာ ညတိုင်း ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up