လမ်းပေါ်အချင်းများပြီး သေနတ်ဖြင့် ပစ်ရန်ကြိုးစားသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့ ရှာဖွေ(ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ကား၂ စီးလမ်းပေါ်မှာ အချင်းများပြီး သေနတ်နဲ့ပစ်ဖို့ ကြိုးစားတဲ့ သံသယရှိတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။
သြဂုတ် ၉ ရက် ညက ဓာတ်ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီအမျိုးသမီးနဲ့ အဖွဲ့က တခြားကားကို ဘီယာပုလင်းနဲ့ ပေါက်ခဲ့တယ်လို့ ရဲအရာရှိတဦးကို ကိုးကားပြီး အေဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဒီနောက်မှာတော့ ဒီအဖွဲ့က တခြားကားနောက်ကို ဆက်လိုက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
သတင်းတွေအရတော့ ပစ်ကပ်ကားမောင်းတဲ့ အသက် ၃၀ နှစ်အရွယ်ရှိတဲ့ ဂျက်ကော့ဆေးဗားစတားက တခြားကားက လူတဦးကို တွန်းထိုးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ အမျိုးသမီး၂ ဦးက ပစ်ကပ်ကားပေါ်ကနေ ဆင်းလာပြီး အားလုံးကို ချိန်ရွယ်ခြိမ်းခြောက်ခဲ့ပါတယ်။
ဆေးဗားစတားတို့ ထွက်ခွာသွားမယ့် အချိန်မှာတော့ ခြိမ်းခြောက်ခံရတဲ့ ကားသမားကလည်း လိုင်စင်ပြားကို ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအတွက်ဆေးဗားစတားက ရိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၁၂ ရက်မှာတော့ ဆေးဗားစတားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပါဝင်တဲ့သူတွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။