A d v e r t i s e m e n t With Us

တနိုင်ငံလုံး လုပ်ခလစာ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ဗင်နီဇွဲလားသမ္မတ ကြေညာ

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုက တနိုင်ငံလုံးက လုပ်သားတွေ အားလုံးအတွက် လုပ်ခလစာကို ၅၀ ရာခိုင်နှုန်း တိုးပေးလိုက်တယ်လို့ သြဂုတ် ၁၂ ရက်က ကြေညာလိုက်ပြီး လာမယ့် စက်တင်ဘာမှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ရေနံတင်ပို့ရောင်းချသူများအသင်း အိုပက်အဖွဲ့ဝင် ဗင်နီဇွဲလားမှာ ငွေကြေးဖောင်းပွမှု ရာဂဏန်း ရာခိုင်နှုန်းနဲ့ မြင့်တက်ခဲ့တာပါ။ ဒါကြောင့် အကြပ်အတည်း ဆိုက်နေတဲ့ နိုင်ငံအတွင်း ဝယ်ယူနိုင်စွမ်း ကျဆင်းခဲ့ပါတယ်။ ဗင်နီဇွဲလား နိုင်ငံဟာ နိုင်ငံခြားဝင်ငွေ အားလုံးနီးပါးကို ရေနံကနေ ရနေတာပါ။ ရေနံစိမ်း တစည်ကို ဒေါ်လာ ၇၀ ရနေတာဟာ ဖြစ်သင့်တဲ့ မျှတတဲ့ ဈေးဖြစ်လာမယ်လို့ ပြောပါတယ်။ ရေနံဈေးနှုန်း ကျဆင်းပြီး ကမ္ဘာ့ရေနံဖြန့်ဖြူးမှု ထိန်းချုပ်ရတဲ့ ကာလမှာ ရေနံထုတ်လုပ်မှုကို ကန့်သတ်ထားရပါတယ်။ ထင်မြင်ချက် စစ်တမ်းအရ နိုင်ငံတွင်း မကျေနပ်မှုတွေနဲ့ ကုန်စည်ပြတ်လပ်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေကြောင့် သမ္မတ မာဒူရိုဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်မယ်လို့ ပြသထားပါတယ်။ လာမယ့်နှစ် ရွေးကောက်ပွဲမှာ ဒုသမ္မတက မာဒူရိုရဲ့ နေရာကို အစားထိုးရဖွယ် ရှိနေပြီး ၂၀၁၉ အစောပိုင်းထိ သူ့သက်တမ်းကို ထမ်းဆောင်ဖွယ် ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up