အိုလံပစ်တွင် ပရိသတ်များအာရုံကို ဖမ်းစားထားသည့် စက်ဘီး ဦးထုတ် (ရုပ်သံ)
DVB
·
August 13, 2016
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ တရုတ် အမျိုးသမီး စက်ဘီး သမား၂ ဦး ဆောင်းထားတဲ့ ဦးထုတ်ဟာ ပရိသတ်တွေရဲ့အာရုံကို ဆွဲဆောင်ခဲ့ပါတယ်။
သြဂုတ် ၁၂ ရက် အမျိုးသမီး၂ဦးတွဲ စီးနင်းယှဉ်ပြိုင်ရတဲ့ စက်ဘီးစီးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဦးထုတ်မှာ မျက်နှာလိမ်းတဲ့ မိတ်ကပ်နဲ့ ခြယ်သထားတဲ့ အရုပ်ကို လူတွေက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ် စက်ဘီးသမား ၂ ဦးဖြစ်တဲ့ ဂေါင်ဂျင်ဂျေးနဲ့ ဇောင်တင်ရှီးတို့က စက်ဘီးပြိုင်ပွဲကနေ ရွှေတံဆိပ် ရယူပေးခဲ့ပြီး ပထမအချီမှာ ၃၁.၉ ၂၅ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာတော့ တရုတ်က စက်ဘီးပြိုင်ပွဲကနေ ငွေ ၂၊ ကြေး ၁ ရရှိထားခဲ့ပါတယ်။