ထိုင်းပေါက်ကွဲမှုများ ပြည်တွင်း အဖျက်အမှောက် လုပ်ရပ်ဖြစ်ဟု ရဲတပ်ဖွဲ့ပြော



In this Thursday, Aug. 11, 2016, photo, the injured are helped after a bomb blast in the southern resort city of Hua Hin, 240 kilometers (150 miles) south of Bangkok, Thailand. Police are investigating a series of bomb blasts in Hua Hin and other cities in Thailand. (Daily News via AP)



1.2K
ထိုင်းနိုင်ငံတောင်ပိုင်းက ဆက်တိုက်ပေါက်ကွဲမှုတွေကို စုံစမ်းစစ်ဆေးနေပြီး လုပ်ရပ်တွေဟာ ပြည်ပအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်မဟုတ်ဘဲ ပြည်တွင်း အဖျက်အမှောက် လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက သြဂုတ် ၁၂ ရက်နေ့က ပြောပါတယ်။
ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အပေါ် လူထု ဆန္ဒခံယူပွဲ ကျင်းပအပြီး ၅ ရက်အကြာမှာ ခုလိုဖြစ်တာပါ။
“ပေါက်ကွဲမှုတွေဟာ ခရိုင်တခုစီရဲ့ ကန့်သတ်နယ်ပယ်တွေမှာ ဖြစ်ခဲ့တာမို့ ပြည်တွင်း အဖျက်အမှောက် လုပ်ငန်းလို့သာ ခေါ်ဝေါ်တယ်၊ တခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေ မဟုတ်ဘူးဆိုတာ အတည်ပြုနိုင်တယ်” လို့ ရဲ ဗိုလ်ချုပ်ကြီး ပီယာဖှာအန် ပင်မုအန်က ပြောပါတယ်။
ပေါက်ကွဲမှုတွေဟာ ထိုင်းတောင်ပိုင်းက မွတ်စလင် လူများစုရှိရာ ခရိုင်တွေအတွင်း သူပုန်ထမှုနဲ့ ပတ်သက်မှု ရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာဝင် လူများစုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မလေးစူလတန် စော်ဘွားတွေ အုပ်ချုပ်ရာ ခရိုင်၃ခုကို လွန်ခဲ့တဲ့ နှစ်တရာလောက်က သိမ်းပိုက်ခဲ့ပါတယ်၊ ခုတော့ ခွဲထွက်ဖို့ ကြိုးစားတဲ့ သူပုန်တွေကြောင့် အဲဒီဒေသတွေရဲ့ အပြင်ဘက်ကိုပါ အကြမ်းဖက်မှုတွေ မကြာခဏ ဖိတ်စင် ကူးစက်လေ့ ရှိပါတယ်။
ထိုင်းတောင်ပိုင်း ခွဲထွက်ရေးသမားတွေရဲ့ ဒေသတွင်း တိုက်ခိုက်မှုတွေက ကမ္ဘာလှည့်ခရီးသည်တွေကို မဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိတာပါ။
အခု ပေါက်ကွဲမှုတွေ ဖြစ်ရာ ဟွာဟင်၊ ဖူးခက်နဲ့ ဖန်င ဒေသတွေဟာ ပဋိပက္ခ ဖြစ်လေ့ရှိရာ နေရာတွေနဲ့ ဝေးပါတယ်။