A d v e r t i s e m e n t With Us

ကုက္ကိုပင်ကြီး ကားဝပ်ရှော့နှင့်စားဖို့ဆောင်ပေါ်လဲကျ၊ ၁ ဦး သေဆုံး (သတင်းဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် အလံပြဘုရားလမ်းနဲ့ ဗိုလ်မင်းခေါင် လမ်းထောင့်ရှိ ဆူဇူကီး ကားအရောင်းပြခန်း ခြံဝင်းအတွင်းမှာ လုံးပတ် ၁၈ ပေလောက်ရှိ သက်တမ်းရင့်ကုက္ကိုပင်ကြီး စားဖိုဆောင်နဲ့ ကားဝပ်ရှော့ အဆောက်အဦပေါ် လဲကျခဲ့လို့ ၁ ဦး သေဆုံးသွားပါတယ်။ သြဂုတ် ၁၂ ရက်နေ့ည ၉ နာရီခွဲလောက်က လဲကျခဲ့တာဖြစ်ပြီး အနီးမှာ ရပ်ထားတဲ့ မော်တော်ယာဉ် ၇ စီး ထိခိုက်ပျက်စီးခဲ့ပြီး ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်သူ ဒေါ်ဆွေဆွေဝင်းနဲ့ ဒေါ်အိန္ဒြာလှိုင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ရန်ကုန်ဆေးရုံကြီးပို့ဆောင်စဉ် ၆၂ နှစ်အရွယ်  ဒေါ်အိန္ဒြာလှိုင် သေဆုံးသွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အိန္ဒြာလှိုင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှာ  သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၆) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်နေရာက အပျက်အစီးတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သတင်းဓာတ်ပုံ - Yangon Police  

A d v e r t i s e m e n t With Us

More News
Up