၂၀၁၆ နှစ်ဝက်အတွင်း ရွှေတန်ချိန် ၁၀၆၄ တန် စံချိန်တင်ရောင်း

1.1K
ကမ္ဘာ့ရွှေ ရင်းနှီးမြှပ်နှံမှု ဈေးကွက်ရဲ့ တောင်းဆိုမှုကြောင့် ၂၀၁၆ ရဲ့ ပထမနှစ်ဝက်မှာ ရွှေတန်ချိန် ၁၀၆၄တန် သမိုင်းဝင် စံချိန်တင် ရောင်းခဲ့ရတယ်လို့ ကမ္ဘာ့ရွှေကောင်စီက သြဂုတ် ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။
ဒါဟာ အရင်က အမြင့်ဆုံးစံချိန်တင်ခဲ့ဖူးတဲ့ ၂၀၀၉ ပထမနှစ်ဝက်က စံချိန်ထက် ၁၆ ရာခိုင်နှုန်း ပိုတိုးခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးက ဒီနှစ်ပထမ နှစ်ဝက်မှာ ၂၅ ရာခိုင်နှုန်း တိုးခဲ့တာပါ။ ဥရောပ သမဂ္ဂကနေ ဗြိတိန်နိုင်ငံ ထွက်ခွာမှုဟာ ဈေးကွက်ကို အကြီးအကျယ် ထိုးနှက်ခဲ့တယ်။
“ဘဏ္ဍာရေး အသိုင်းအဝိုင်းမှာ သောကများနေတဲ့ ရလဒ်ပဲ။ ရင်းနှီးမြှုပ်နှံသူတွေက ဘေးကင်းတဲ့ ပိုင်ဆိုင်မှုအဖြစ် ရွှေနောက်ကို လိုက်ခဲ့တယ်” လို့ တရုတ်စီမံရေး ညွှန်မှူးနဲ့ ကမ္ဘာ့ရွှေကောင်စီ ဥက္ကဋ္ဌ ရော်လန် ဝေါင်က ပြောပါတယ်။