လက်ပံတန်းတွင် ကျောင်းသား ၂ ဦး ဆိုင်ကယ်နှင့်အတူ ရေထဲမျောပါသေဆုံး





4K
လက်ပံတန်းမြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လက်ပံတန်း -သာရဝေါ မဟာဗျူကားလမ်း ရေကျော်နေတာကို သြဂုတ် ၁၁ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်နဲ့ သွားရောက်ကြည့်ရှုခဲ့ကြတဲ့ ၉ တန်းကျောင်းသား ၂ ဦး ရေထဲမျောပါ သေဆုံးခဲ့ကြပါတယ်။
လက်ပံတန်း အ.ထ.က ၁ နဝမတန်းမှာ မောင်အောင်ကိုဟိန်း၊ မောင်မျိုးဇော်ဦး၊ မောင်ကောင်းမြတ်လှိုင်နဲ့ မောင်ကောင်းစံဝင်းတို့ဟာ မဟာဗျူဟာကားလမ်း မိုင်တိုင်အမှတ် (၆/၀ နှင့် ၆/၁) အကြားရှိ အလျှားပေ ၁၀၀ လောက်၊ အမြင့် ၁ ပေခွဲလောက် ရေကျော်နေတာကို ဆိုင်ကယ်နဲ့ဖြတ်မောင်းစဉ် ရေထဲမျောပါပြီး ကျောင်းသား ၂ ဦး သေဆုံးခဲ့ကြတာလို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။
ရေနောက်မျောပါသွားတဲ့ ကျောင်းသားတွေကို မီးသတ်တပ်ဖွဲ့ဝင်၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်၊ စက်တပ်လှေသမားတွေနဲ့ မိသားစုတွေက လိုက်လံရှာဖွေခဲ့ရာ သြဂုတ် ၁၁ ရက်နေ့မှာ ဆိုင်ကယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ မောင်အောင်ကိုဟိန်းနဲ့ မောင်ကောင်းမြတ်လှိုင်တို့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရပါတယ်။
လက်ပံတန်းမြို့နယ် နာရေးကူညီမှုအသင်းက သေဆုံးသွာတဲ့ ရုပ်အလောင်းတွေကို လက်ပံတန်း ဆေးရုံ ပိုဆောင်ထားရှိပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တော်လဿလုံခြုံရေးရဲကင်းမှူးက တရားလိုပြုလုပ်တိုင်တန်းလို့ ခမုံနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၆) နဲ့ အရေးယူဆောင်ရွက်နေပါတယ်။
သတင်းဓာတ်ပုံ - ဝဏ္ဏထွန်း