A d v e r t i s e m e n t With Us

အာဂျင်တီးနားအတွက် မက်ဆီ ပြန်ကစားမည်၊ ဟီဂူအင် ချန်လှပ်ခံရ

နိုင်ငံလက်ရွေးစင်ကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနား အသင်းအတွက် ပြန်လည် ကစားပေးမှာ ဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက်မှာ နိုင်ငံလက်ရွေးစင်ကနေ အနားယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်လိုက်တယ်လို့ မက်ဆီကအတည်ပြုတဲ့အကြောင်း Goal ၀က်ဆိုဒ်က ရေးပါတယ်။ အာဂျင်နည်းပြ အီဂါဒို ဘောင်းဇာက မက်ဆီနဲ့ စပိန်မှာ တွေ့ဆုံဆွေးနွေးခဲ့အပြီး လာမယ့် ဥရုဂွေး၊ ဗင်နီဇွဲလားနဲ့ ကစားမယ့် ကမ္ဘာဖလားခြေစစ်ပွဲ ကစားသမား ၂၇ ဦးစာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း လူစာရင်းမှာ မက်ဆီ ပါဝင်ခဲ့ပေမယ့် နာမည်ကြီးတိုက်စစ်မှူး ဟီဂူအင်ကတော့ လူစာရင်းကနေ ချန်လှပ်ခံထားရပါတယ်။ စက်တင်ဘာ ၆ ရက်မှာ အာဂျင်တီးနား အသင်းဟာ ဥရုဂွေးနဲ့ ကစားမှာ ဖြစ်ပြီး နောက် ၅ ရက်အကြာမှာတော့ ဗင်နီဇွဲလား အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up