ငရုတ်သီးနှင့်ကွန်ဒုံးသုံးပြီး တောဆင်ရိုင်းအန္တရာယ်ကို ဘယ်လိုကာကွယ်သလဲ (ရုပ်သံ)

3.8K
တန်ဇန်းနီးယား နိုင်ငံတွင်းက ထိန်းသိမ်းရေးသမားတွေဟာ လူတွေအခြေချနေထိုင်တဲ့ ဒေသအတွင်း ဆင်တွေ ဝင်လာတာ ကာကွယ်ဖို့ နည်းလမ်းတခုကို သုံးနေကြပါတယ်။
ငရုတ်သီးမှုန့် ၃ ဇွန်းကို မြေကြီး လက်တဆုပ်နဲ့ ရောမွှေ၊ ကွန်ဒုံးတွေထဲကို ဖြည့်ပြီး မီးရှူးမီးပန်းနဲ့ တွဲဖောက်ရင်း ဆင်တွေကို ဆန့်ကျင်ဘက် အရပ်ဆီ ချက်ချင်း ပြေးအောင် လုပ်နေတာပါ။
အမျိုးသားဥယျာဉ်တွေ တလွှားမှာ လျှောက်သွားနိုင်တဲ့ ဆင်တွေက လယ်မြေတွေဆီ ရောက်လာတတ်တာပါ။ လူတွေကို ခြိမ်းခြောက်ပြီး အိုးအိမ် ပိုင်ဆိုင်မှုတွေကိုလည်း ဖျက်ဆီးကြ ပါတယ်။
အခုနည်းလမ်းဟာ ဆင်တွေကို ခြောက်ထုတ်နိုင်သလို ဒေသခံ လယ်သမားတွေကိုလည်း သူတို့ စိုက်ပျိုးမြေတွေကို ဆင်တွေ မဖျက်ဆီးအောင် ကာကွယ်ဖို့ တပ်လှန့်သတိပေးစနစ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်လာပါတယ်။
ဒီနည်းလမ်းကို တန်ဇန်းနီးယား အခြေစိုက် ဟန်နီဂိုက် ဖောင်ဒေးရှင်းက အကြံပေးပြီး အမေရိကန် အခြေစိုက် Nature Conservancyက ပံ့ပိုးထားပါတယ်။
ခုတော့ တန်ဇန်းနီးယား မြောက်ပိုင်းက ရွာတွေက လုပ်အားပေးတွေကို သူတို့ စိုက်ခင်းနဲ့ အိမ်တွေကို ကာကွယ်ရာမှာ ကူညီဖို့ သင်တန်းပေးနေပါတယ်။