A d v e r t i s e m e n t With Us

ချော်ရည်ပူနှင့် အလားတူသည့် ကြောက်မက်ဖွယ် မိုးတိမ်တိုက်ကြီး မက္ကဆီကိုမြို့ပေါ် ဖြတ်(ရုပ်သံ)

မက္ကဆီကိနိုင်ငံက တိုနာလာမြို့မှာ ချော်ရည်ပူတွေနဲ့ အလားတူတဲ့ ကြောက်မယ်ဖွယ်ရာ မိုးတိမ်တွေ ဖြတ်သန်းခဲ့ပါတယ်။ မဲမှောင်တဲ့ တိမ်တိုက်တွေက မြို့ပေါ်ကို ဦးတည်လာနေတာကို ဒေသခံတွေက အံ့သြတကြီး စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ရုပ်သံကို ဗြိတိန်အခြေစိုက် မေးရား သတင်းက သြဂုတ် ၁၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။ အနက်ရောင် တိမ်တိုက်တွေက မြို့ပေါ်ကို ဦးတည်လာတာကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်က တစုံတရာ အန္တရာယ်မဖြစ်သလို လေကြောင်းပြောင်းလဲတဲ့အတွက် အခုလို အပြောင်းအလဲ ဖြစ်ပွားခဲ့ပြီး သာမန်မဟုတ်တဲ့ တိမ်တိုက်တွေ ဖြစ်ပွားခဲ့ပါတယ်။ အရင်လကလည်း အမျိုးသားတန်ဆာနဲ့ တူတဲ့ တိမ်တိုက် ကောင်းကင်မှာ ဖြစ်ပွားနေတာကို ဆယ်ကျော်သက်တဦးက မှတ်တမ်းတင် ရိုက်ယူပြီး လူမှုရေးကွန်ရက် တွစ်တာမှာ တင်ခဲ့တာဟာ ပျံ့နှံ့သွားပြီး သန်းချီတဲ့သူတွေ မျှဝေခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up