နိုင်ငံရေးအကျဉ်းသားဟောင်းများက နိုင်ငံရေးခေါင်းဆောင်များကို ကန်တော့
DVB
·
October 12, 2011
နိုင်ငံရေးအကျဉ်းသားဟောင်းတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော် မတီဝင် ဦးဝင်းတင်တို့ကို ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာ ဂါရဝပြု ကန်တော့ကြမယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုတိုးကျော်လှိုင်က ပြောပါ တယ်။
ဒီပုဂ္ဂိုလ် ၃ ဦးရဲ့ နိုင်ငံရေးဦးဆောင်မှုဟာ အငြင်းပွားစရာမရှိတဲ့အတွက် သီတင်း ကျွတ်လပြည့်နေ့မှာ မြန်မာ့ဓလေ့ထုံးစံအရ ကန်တော့ကြတာပါလို့လည်း ပြောပါတယ်။
ဒီကန်တော့ပွဲကို ရန်ကုန် ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခြံမှာ ဒီမနက် ၁၀ နာရီမှာ စတင်မှာ ဖြစ်ပြီး စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဒီပွဲကို ဦးဆောင်စီစဉ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ စစ်အစိုးရလက်ထက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံ ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေဖြစ်ပါတယ်။
ကန်တော့မယ့်သူတွေက နိုင်ငံရေး အကျဉ်းသားဟောင်းများလို့ နာမည်ခံယူရတာကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ဖို့ လိုနေတာကို အသိပေး၊ သတိပေးဖို့ ရည်ရွယ်ပြီး ဒီနေ့ကန်တော့ပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံး လွတ်လွတ်လပ်လပ် တက်ရောက်နိုင်ဖို့ ရည်ရွယ် တယ်လို့ လည်း ကန်တော့ပွဲစီစဉ်သူက ရှင်းပြသွားပါတယ်။