A d v e r t i s e m e n t With Us

ရက် ၁၀၀ ကာလဆောင်ရွက်မှုများ ဝန်ကြီးဌာန ၃ ခု ရှင်းလင်း

အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း ၀န်ကြီးဌာန ၃ ခုက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအခြေအနေတွေကို ဒီနေ့ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခုတို့ရဲ့ တာဝန်ရှိသူတွေက နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနမှာ ရှင်းလင်းတင်ပြခဲ့ကြ တာပါ။ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ကို ၂၀၁၆ ခုနှစ် မေလ ၁ ရက်နေ့ကနေ ဩဂုတ် ၈ ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ခဲ့ကြတာပါ။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ရေရှားပါးတဲ့ ကျေးရွာပေါင်း ၁၀၁ ရွာက အိမ်ထောင်စုပေါင်း ၄၉၅၁ စုကို ရေကန် ၁၀၀ တူးဖော်ပေးခဲ့ကြောင်း၊ ရွှေ့ပြောင်းဒုက္ခသည် IDP တွေ နေရာပြန်လည်ချထားရေးအတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပေးတာ၊ အထည်ချုပ်စက် သင်တန်းတွေ ဖွင့်လှစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းဖန်းတီပေးတာတွေကို ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းခဲ့ကြပါတယ်။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အနေနဲ့ကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လျှပ်စစ်မီးလင်းရရှိသုံးစွဲနိုင်ရေးတွေကို ဆောင်ရွက်နေပြီး စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေးတွေ အတွက် လိုင်စင်ချထားပေးမှုတွေနဲ့ မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေအတွက် သဘာဝဓာတ်ငွေ့ တပ်ဆင်ပေးမှုတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြည်ပခရီးစဉ်တွေနဲ့ပတ်သတ်ပြီးေ ဆောင်ရွက်ခဲ့တာတွေနဲ့ ပြည်ပရောက် အလုပ်သမားအခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ ကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up