A d v e r t i s e m e n t With Us

အိုင်အက်စ်နှင့်ပူးပေါင်းရန် ထွက်သွားသည့် ကျောင်းသူ ၁ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ ၂၀၁၅ ဖေဖော်ဝါရီမှာ လန်ဒန်က ထွက်သွားတဲ့ ကျောင်းသူ ၃ ဦးထဲက ၁ ဦး သေဆုံးခဲ့ပြီလို့ မိသားစုရှေ့နေက အိုင်တီအန်ရုပ်သံနဲ့ လူတွေ့မေးမြန်းခန်းမှာ သြဂုတ် ၁၁ ရက်က ပြောပါတယ်။ မိသားစုက ခါဒီဇာ စူလ်တာနာကို ဗြိတိန်ကို ပြန်ခေါ်ဖို့ နည်းလမ်းကုန်အောင် အားထုတ်ခဲ့တယ်၊ ဒါပေမယ့် ကျန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က သူဟာ ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုကြောင့် ရက်ကာမြို့မှာ သေဆုံးကြောင်း ယုံကြည်ရတယ်လို့ အိုင်တီအန်က ပြောပါတယ်။ စူလ်တာနာဟာ အသက် ၁၆ နှစ်သာ ရှိသေးပြီး တခြားသူငယ်ချင်း ၂ ဦးနဲ့အတူ လန်ဒန်က ဂတ်ဝစ်ခ်ျလေဆိပ်ကနေ တူရကီနိုင်ငံကို ၂၀၁၅ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သွားခဲ့ကြတာပါ။ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနကိုတော့ မှတ်ချက်အတွက် ဆက်သွယ်လို့ မရသေးဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up