လူငယ်နောက်ခံလူ ဖိုဆုမန်ဆက်ကို မန်ယူ နှစ်ရှည်စာချုပ်

ဓာတ်ပုံ - Getty
မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်နောက်ခံလူ ဖိုဆုမန်ဆက်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ နယ်သာလန် ညာနောက်ခံကစားသမား မန်ဆက်ဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ လူးဝစ် ဗန်ဟားလ် လက်အောက်မှာ ၁၀ ပွဲအထိ ပွဲထွက်ကစားခဲ့ပြီး လက်ရှိနည်းပြ မော်ရင်ဟိုကလည်း မန်ဆက်ရဲ့ အရည်အသွေးကို နှစ်သက်သဘောကျလို့ နှစ်ရှည် စာချူပ်ချုပ်ဆိုလိုက်တာလို့ ဆိုပါတယ်။ မန်ယူအသင်းကို နည်းပြမော်ရင်ဟို ရောက်လာပြီးနောက်ပိုင်း လူငယ်ကစားသမားတွေဖြစ်တဲ့ မက်နဲ၊ နစ်ပိုလ်ဝဲတို့ အပါအ၀င် ကစားသမား ၈ ဦး ရောင်းထုတ်ခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ၄ ဦး ၀ယ်ယူထားလို့ နောက်ထပ် လူငယ်ကစားသမားတွေဖြစ်တဲ့ ယာနူဇက်၊ ၀ီလ်ဆင်၊ ဂျက်ဆင်၊ ဘလက်ကက်၊ ၀ဲလ်ကိန်း၊ ပါရဲယားတို့ကိုလည်း အငှားချဖို့နဲ့ အပြီးသတ်ရောင်းချဖို့ စီစဉ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up