A d v e r t i s e m e n t With Us

မြန်မာကို ကမ္ဘာဘောလုံးအဆင့် ၁၅၉ ဖီဖာသတ်မှတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က  သြဂုတ် ၁၁ ရက် နောက်ဆုံး ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ရဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့်သတ်မှတ်ချက်အရ မြန်မာ့ဘောလုံး အဆင့်အတန်းဟာ  ၁ ဆင့် ထပ်တက်လာပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မေလ ဖီဖာအဆင့် သတ်မှတ်ချက်မှာ ကမ္ဘာ့အဆင့် ၁၆၇ မှာ ရပ်နည်နေရာက ဇွန်လမှာ အဆင့် ၁၆၁၊ ဇူလိုင်မှာ အဆင့် ၁၆၀၊ သြဂုတ်မှာတော့ ၁၅၉ နေရာထိ ၃ လဆက်တိုက် ထပ်တိုးလာခဲ့တာပါ။ အာဆီယံ အသင်းတွေထဲမှာ  ထိုင်းက တဆင့်တက်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၂၀၊ ဖိလစ်ပိုင်က ၁ ဆင့်တက်ပြီး အဆင့် ၁၃၄၊ ဗီယက်နမ်က တဆင့်တက်ပြီး ၁၃၈၊   စင်ကာပူကတော့ ၁ ဆင့်ကျပြီး မြန်မာနဲ့အဆင့်တူ ၁၅၉၊ မလေးရှားက ၁၆၇၊ လာအိုက ၁၇၇၊ ကမ္ဘာဒီးယားက ၁၈၀၊ အင်ဒိုနီးရှားက ၁၉၁ နဲ့ အသီးသီးရပ်တည်နေပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာမှာ အာဂျင်တီနား၊ အဆင့် ၂ ဘယ်လ်ဂျီယံ၊ အဆင့် ၃ ကိုလံဘီယာ၊ အဆင့် ၄ ဂျာမနီနဲ့ အဆင့် ၅ မှာ ချီလီအသင်းတွေ အရင်လကအတိုင်း မပြောင်းလဲပဲ အစဉ်လိုက် အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up