A d v e r t i s e m e n t With Us

ရေး-ထားဝယ်ကားလမ်း မလွဲတောင်ထိပ် မြေပြို

ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်း မလွဲတောင်ထိပ် မိုင်တိုင်အမှတ် ၁၁၃/၁၁၄ အကြား ရှင်းလင်းဆောင်အနီးမှာ သြဂုတ် ၁၁ ရက်နေ့ ည ၇ နာရီခွဲအချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့လို့ ယာဉ် ၈ စီးလောက် ခေတ္တလမ်းပိတ်ဆို့ ခဲ့ပါတယ်။ အဆိုပါလမ်းပိတ်ဆို့မှုကို မလွဲတောင် တာဝန်ခံ SAE ဦးစိုးနိုင်က ဦးဆောင်ကာ မြေကော်စက်နဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ည ၈ နာရီခွဲလောက်မှာ ကားတွေ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ခဲ့ပါတယ်။ သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းကလည်း လမ်းပိတ်ဆို့မှု ထပ်မံဖြစ်ပွားခဲ့လို့ လမ်းလုပ်သား တွေ၊ မြေကော်စက်နဲ့ ရှင်းလင်းခဲ့ရတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက် ပြောပါတယ်။ အခုလို မိုးတွင်းကာလမှာ ရေး-ထားဝယ်-မြိတ် ကားလမ်းဟာ နှစ်စဉ် ဆိုးဝါးနေပြီး မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။ သတင်း - နေမျိုးထွဋ်

A d v e r t i s e m e n t With Us

More News
Up