ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၉ ကြိမ်အထိ ဖြစ်ပွား (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင်တွေမှာ ဗုံးပေါက်ကွဲမှု ၉ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ဆုရတ်ဌာနီ၊ တရန်း၊ ပကျူတ်ခီရီခန်၊ ဖန်ငနဲ့ ဖူးခက်ခရိုင်တွေထဲမှာ သြဂုတ် ၁၁ ရက် ညနေကနေ သြဂုတ် ၁၂ ရက် မနက် ၉  နာရီအထိ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၃ ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။ ပေါက်ကွဲမှုထဲမှာ ထိုင်းနိုင်ငံက နိုင်ငံခြား ခရီးသွားတွေအကြားမှာ ရေပန်းစားတဲ့ ဖူးခက်က  ပါသောင်မှာ ၂ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက် မနက်ပိုင်းမှာ ဆူရတ်ဌာနီမှာလည်း ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အတည်မပြုနိုင်တဲ့ သတင်းတွေအရ လူ ၁ ဦး သေတယ်လို့ ဆိုပါတယ်။ မနက်ပိုင်း ၈ နာရီလောက်မှာ ပထမအကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပြီး နောက်နာရီဝက်အကြာမှာ နောက်တလုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်ပွားတဲ့အချိန်ဟာ သြဂုတ် ၁၂ ရက်မှာ ကျရောက်မယ့် ထိုင်းဘုရင်မရဲ့ ၈၄ နှစ်မြောက် မွေးနေ့နဲ့ တိုက်ဆိုင်နေတယ်လို့ ဒေးလီးမေးလ်သတင်းက ရေးပါတယ်။ သြဂုတ် ၁၁ ရက်ကလည်း ထိုင်းဘုရင်နေထိုင်နေတဲ့ ဟွာဟင်က ပရာချတ်ကိရိခန်မှာ ဗုံးပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၁ ဦး သေဆုံးပြီး အနည်းဆုံး ၁၉  ဦး ဒဏ်ရာရသွားပါတယ်။ ဆူရတ်ဌာနီနဲ့ ဟွာဟင်ပေါက်ကွဲမှု ၂ ခုဟာ ဆက်နွယ်နိုင်ဖွယ်ရှိတယ်လို့လည်း ဆူရတ်ဌာနီ အစိုးရအရာရှိတဦးကို ကိုးကားပြီး သတင်းမှာရေးပါတယ်။ ဒါ့အပြင် ဖန်င၊ ကရာဘီ၊ ထရန်တို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ထရန်ပေါက်ကွဲမှုမှာတော့ လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up