ဖန်တံတားအောက်တွင် တွဲလဲခိုပြီး မင်္ဂလာပွဲကျင်းပသည့် ဇနီးမောင်နှံ (ရုပ်သံ)

2.1K
တရုတ်ဇနီးမောင်နှံဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရ ချစ်သူများနေ့မှာ ဖန်တံတားအောက်ကနေ တွဲလဲခိုပြီး မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။
ဒါဟာ သူတို့ချင်း စိန်ခေါ်မှုဖြစ်ပြီး ချစ်သူများပွဲတော်ကို အထူးနည်းလမ်းနဲ့ ဆင်နွှဲချင်လို့ ခုလိုလုပ်တာလို့ သတို့သမီး ကျန်းဟွေ့ကျူက ပြောပြီး သတို့သား ကျိုးဝမ်လောင်ကလည်း သဘောတူခဲ့ပါတယ်။
ကျုံးဟွေ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး ကုမ္ပဏီရဲ့ ဝန်ထမ်းတွေက သူတို့အိပ်မက်ကို အကောင်အထည် ဖော်ပေးခဲ့တာပါ။
မြေပြင်အထက် ၅၉၀ ပေ အမြင့်က ဖန်တံတားမှာ တွဲချိတ်ထားတဲ့ ကြိုးပုခက်ပေါ်မှာ သူတို့ ၂ ဦး မင်္ဂလာဆောင်ခဲ့ပါတယ်။
ရဲရင့်သူတို့တံတားလို့ လူသိများတဲ့ ဖန်တံတားဟာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဖိန်ကျန်းမြို့နယ်က အမျိုးသား ဘူမိဗေဒပန်းခြံထဲမှာ ရှိပါတယ်။