အိုလံပစ်မြားပစ် ၁၆ ယောက်အဆင့်တွင် မြန်မာမြားပစ်မယ် စန်းယုထွေး ရှုံးနိမ့်

စန်းယုထွေး။ (ဓာတ်ပုံ - Getty Images)
836
ရီယို အိုလံပစ် မြားပစ်ပြိုင်ပွဲ ၁၆ ယောက်အဆင့်မှာ မြန်မာက စန်းယုထွေးဟာ တောင်ကိုရီးယားက ကီဘိုဘေး (Ki Bo Bae) ကို ၆-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
စန်းယုထွေးဟာ ၆၄ ယောက်ဆင့်မှာ ဖင်လန်၊ ၃၂ ယောက်အဆင့်မှာ အမေရိကန်တို့ကို အနိုင်ယူပြီး ၁၆ ယောက်အဆင့်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၂ လန်ဒန်အိုလံပစ်ချန်ပီယံဖြစ်တဲ့ တောင်ကိုရီးယားက ကီဘိုဘေးနဲ့ ၁၆ ယောက်အဆင့် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ကီဘိုဘေးကတော့ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဆီမီးအဆင့်မှာ ချောင်ဟေးဂျင်း (Chang Hye-Jin) ကို ရှုံးနိမ့်ခဲ့ပြီး တတိယလုပွဲကိုပဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။
တတိယလုပွဲမှာ မက္ကဆီကို ကစားသမား ဗလင်စီယာ (Alejandra Valencia) ကို အနိုင်ရခဲ့ပြီး ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။
ပထမဆုကို တောင်ကိုရီးယားက ချောင်ဟေးဂျင်း၊ ဒုတိယဆုကို ဂျာမနီက လီဆာ အန်းရု (Lisa Unruh) တို့က ရရှိခဲ့ပါတယ်။