A d v e r t i s e m e n t With Us

ကုလတပ်ဖွဲ့ဝင် ၄၀၀၀ ထပ်ပို့ရေး အမေရိကန်အဆိုပြုချက် တောင်ဆူဒန်အစိုးရ ပယ်ချ

ဓာတ်ပုံ - ရိုက်တာ
တောင်ဆူဒန်အစိုးရက သူ့နိုင်ငံဆီ ကုလသမဂ္ဂတပ်ဖွဲ့ဝင် ၄၀၀၀ ထပ်ပို့ရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို ပယ်ချလိုက်ပါတယ်။ လတ်တလောမှာ အခြေအနေ ထိန်းချုပ်မှု တည်ငြိမ်နေပြီး နောက်ထပ် တပ်တွေကို နိုင်ငံထဲ ဝင်ခွင့်ပြုရင် ကိစ္စတွေ ပိုရှုပ်ကုန်မယ်လို့ တောင်ဆူဒန်က ပြောပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ သင့်တော်အောင် မဆွေးနွေးရသေးတဲ့ သီးခြားကိစ္စလို့လည်း တောင်ဆူဒန်အစိုးရက ပြောပါတယ်။ ဒီအဆိုပြုချက်မူကြမ်းဟာ အာဖရိကသမဂ္ဂရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်ကို လုံးဝ မလေးစားရာ ရောက်တယ်လို့လည်း တောင်ဆူဒန် ပြန်ကြားရေးဝန်ကြီး မိုက်ကယ် မက်ခွီးက ပြောပါတယ်။ အခုအချိန်ဟာ ကုလတပ်ကို ဖြည့်စွက်ဖို့ အရှေ့အာဖရိကက တပ်တွေကို ပေါင်းထည့်ရမယ့် အချိန်လို့လည်း သူက ပြောပါတယ်။ လောလောဆယ် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သား အယောက် ၁ သောင်း ၂ ထောင်ဟာ တောင်ဆူဒန်မှာ ရှိနေပါတယ်။ တောင်ဆူဒန်မှာ သမ္မတနဲ့ ဒု-သမ္မတတို့ကို သစ္စာခံတဲ့ အုပ်စု ၂ စုကြား လက်နက်ကိုင် ပဋိပက္ခ ရပ်စဲရေး လက်နက်ကုန်သွယ်မှု ပိတ်ပင်ချက်ကိုလည်း ကန့်သတ်စောင့်ကြည့် နေပါတယ်။ ဂျူဘာမြို့အခြေစိုက် ကုလသမဂ္ဂမစ်ရှင်ဟာ အရပ်သား အယောက် ၁ သိန်းကျော်ကို ခိုလှုံခွင့် ပေးထားရပါတယ်။ ဒါပေမယ့် တောင်ဆူဒန် နိုင်ငံသားတွေ ဘေးကင်းရေး လုံလောက်အောင် မလုပ်ပေးနိုင်လို့ ဝေဖန်ပြစ်တင် ခံနေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up