A d v e r t i s e m e n t With Us

ညောင်တုန်းတွင် ငါးမွေးကန်ဧက ၁၇၀၀ ခန့် ရေကြီးနစ်မြုပ်

ဓာတ်ပုံ - MOI
ညောင်တုန်းမြို့နယ်မှာ ဧရာဝတီမြစ်နဲ့ ပန်းလှိုင်မြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ အုပ်စု ၉ အုပ်စုက ငါးမွေးကန်ဧရိယာ ၁၇၀၀ လောက် ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေပါတယ်။ အင်းမ၊ ဂုံမင်းဆိပ်၊ အရွှဲ ၊ ကတုတ်ကမ၊ ဘုရားကုန်း၊ စွန်တနီး၊ ကုက္ကိုဝ၊ မဲဇလီရွာဟောင်းနဲ့ အောက် ဆည်ကျေးရွာများရှိ လုပ်ငန်းရှင် ၁၂၅ ဦးရဲ့ ငါးမွေးကန်ဧရိယာ ၁၆၅၇ ဧက ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြါတယ်။

A d v e r t i s e m e n t With Us

More News
Up