A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တို့ ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခရီးစဉ်မတိုင်မီ  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ  နိုင်ငံတကာရေးရာဌာန၀န်ကြီး   မစ္စတာ ဆုန့်ထောင်းနဲ့ ဒီကနေ့မနက် နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တရုတ်ကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်ကို ကြာပန်းပန်းချီကား တချပ်လက်ဆောင်ပေးခဲ့သလို ဒေါ်အောင် ဆန်းစုကြည်ကလည်း ကြိုက်နှစ်သက်တဲ့အကြောင်း   တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင်တဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။ ကြာပန်းဟာ  ဗုဒ္ဓဘာသာဝင်တွေ တန်းဖိုးထားရာ ပန်းဖြစ်တာကြောင့် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ဝန်ကြီးနဲ့အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ကို သွားရောက်ပြီး  ပြည်ထောင်စု လွှတ်တော်  ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့လည်း  တွေ့ဆုံခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ  သြဂုတ် ၁၀ ရက်ကနေ  ၁၄ ရက်နေ့အထိ ၅ ရက်ကြာ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နေပြည်တော်နဲ့  ရန်ကုန်မြို့မှာ  အစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့လည်း  တွေ့ဆုံဖို့ရှိနေတယ်လို့ တရုတ်သတင်းမှာ ရေးပါတယ်။ 11d4နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သြဂုတ် ၁၇ ရက်နေ့မှာ ၄ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်ဖို့ရှိနေတာဖြစ်ပြီး ဒီခရီးစဉ်မတိုင်ခင် ခုလို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ကိုယ်စားလှယ်နဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up