A d v e r t i s e m e n t With Us

တိုက်ကြီး-အဖျောက်သွား တံတားတစင်း ရေထဲမျော

သြဂုတ် ၁၀ ရက်နေ့ညနေ ၆ နာရီအချိန်မှာ အဖျောက်မြို့နဲ့ ၇ မိုင်ကျော်ရှိ ပြည်တော်အေး ကျေးရွာနဲ့ တော်ခရမ်းကျေးရွာအကြား တံတားအမှတ် ၁/၁၀မိုင် အလျား ၂၀ ပေအကျယ် ၃၁ ပေရှိ တိုက်ကြီး-အဖျောက်သွားတဲ့ သံကူကရစ်တံတား ရေထဲမျောပါသွားခဲ့ရာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ တိုက်ကြီးမြို့နယ်အတွင်း လှိုင်မြစ်ရေတက်လာတဲ့ အတွက် ရေကြီးရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ကျေးရွာတော်တော်များများ ရေနစ်မြုပ်ခဲ့ပါတယ်။ ရေနစ်မြုပ်ကျေးရွာတွေက ဒေသခံပြည်သူတွေကို တိုက်ကြီး-အဖျောက်-ဥက္ကံမြို့တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ကယ်ဆယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ တိုက်ကြီးမြို့ ကယ်ဆယ်ရေးစခန်းတခုမှာ လူဦးရေ ၁၀၅ ယောက်၊ အဖျောက်မြို့ ကယ်ဆယ်ရေးစခန်း ၉ ခုမှာ လူဦးရေ ၁၃၅၇ ယောက်နဲ့ ဥက္ကံမြို့ ကယ်ဆယ်ရေးစခန်း ၉ ခုမှာ လူဦးရေ ၂၄၂၅ ယောက်ကို ကယ်ဆယ်ထားပြီး စာသင်ကျောင်း ၈၅ ကျောင်း ပိတ်ထား ခဲ့ပါတယ်။ အလှူရှင်တွေ လာရောက်လှူဒါန်းခဲ့ရာမှာ တိုက်ကြီးမှအဖျောက်သို့ သွားရာကားလမ်းမှာ သြဂုတ် ၈ ရက်နေ့မှစတင်ပြီး ကားလမ်းရေကျော်မှုတွေ ဖြစ်ပေါ်လို့ သွားလာရေးခက်ခဲ နေပါတယ်။ တိုက်ကြီး-အဖျောက် လမ်းပေါ်မှာရှိတဲ့ တံတားတစင်း ရေထဲမျောပါသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။ ရေဘေးကယ်ဆယ်ရေးအလှူရှင်တွေရဲ့ အလှူကားတွေကို ဥတိုစည်ပင်မှာ ထားခဲ့ရပြီး တပ်မတော် ကယ်ဆယ်ရေးမော်တော်ဘုတ် ၁၀ စီးနဲ့ အဖျောက်မြို့အရောက် ကူညီပေးနေ ပါတယ်။ အဖျောက်မြို့မှာ ဧရာဝတီမြစ်ရေတက်မှု တန့်သွားပေမယ့်လည်း လှိုင်မြစ်ရေ နေ့ခြင်းညခြင်း မြင့်တက်လာခဲ့ပြီး မြစ်ရေမှာ နေ့ ၁ ပေ၊ ည ၂ ပေ ဆက်လက်တက်နေပြီး နောက်ရက်တွေမှာလည်း ရေဆက်လက်တက်နိုင်ခြေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - မေသွယ်  

A d v e r t i s e m e n t With Us

More News
Up