ခင်ဗျားတို့ ဒီနေ့ ပိုကီမွန်ကောင်ရေ ဘယ်လောက်ဖမ်းမိပြီလဲ (ရုပ်သံ)

ပိုကီမွန်ဂိုး (Pokemon Go) ဂိမ်းကစားတာဟာ ထိုင်းနိုင်ငံတ၀ှမ်းမှာ လတ်တလော ရေပန်းစားနေခဲ့ပြီး ထိခိုက်မှုတွေရှိလာခဲ့တာမို့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်ပြန်နေရပါပြီ။ ဒီသတိပေးထုတ်ပြန်ချက်တွေကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကတည်းက ထုတ်လွှင့်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ စုစည်းဖော်ပြထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေထဲမှာ အသက်အရွယ်အမျိုးမျိုး၊ အသား အရောင်အမျိုးမျိုးရှိကြတဲ့ ပိုကီမွန်ဂိမ်းကစားသူတွေပါဝင်နေတာပါ။ သူတို့ဟာ မိုဘိုင်းလ်လက်ကိုင်ဖုန်းတွေကို အသုံးပြုပြီး ထိုင်းနိုင်ငံနေရာအနှံ့ ဈေး ၀ယ်စင်တာတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တက္ကသိုလ်ပရ၀ဏ်တွေပါမကျန် ပိုကီမွန်တွေကို လိုက်လံဖမ်းဆီးနေခဲ့ပုံတွေကို တွေ့ရပါတယ်။ မိုဘိုင်းဖုန်းမှတဆင့် တည်နေရာကိုညွှန်ပြတဲ့ စနစ်နဲ့ ချိတ်ဆက်ကစားရတဲ့ ဒီဂိမ်းဟာ အငြင်းပွားစရာဖြစ်နေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်တခုမှာတော့ မိန်းကလေးတဦးဟာ ဖုန်းရဲ့ တည်နေရာပြစနစ်နဲ့ အတူ ကစားနေရင်း အမှောင်ထဲမှာ တဦးတည်းရပ်နေခဲ့တာကို တွေ့ရပါတယ်။ ထိုင်းအစိုးရတာဝန်ရှိသူတွေကတော့ ဂိမ်းကစားသူတွေအနေနဲ့ ပိုကီမွန်ကောင် လေးတွေကို လိုက်ရှာဖွေဖမ်းဆီးချိန်မှာ ဘေးကင်းစိတ်ချရအောင် ဘေးအနီးအနား ၀န်း ကျင်ကိုလည်း သတိမူသင့်တယ်လို့ သတိပေးထားတာပါ။ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ “တချို့ဂိမ်းကစားသူတွေဟာ ဖုန်းကိုပဲ ပိုအာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကို သတိမမူမိကြတဲ့အတွက် ကားနဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့ကြတာတွေရှိတယ်”လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up