Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရေး ဆောင်ရွက်နေဟု လျှပ်စစ်ဝန်ကြီးဌာနပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 11, 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးနဲ့ မီးမပျက်တောက်ရေးကို နွေရာသီအမီ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ပြောပါတယ်။ "လာမယ့် နွေရာသီမှာ မီးပိုမိုသုံးစွဲနိုင်အောင် ဆောင်ရွက်နေတယ်။ လာမယ့်နွေရာသီမှာ ၅၀၀ မီဂ္ဂါဝပ်လောက် တိုးထုတ်လုပ်နိုင်ဖို့ စီမံထားတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ လျှပ်စစ်မီးတိုးပေးနိုင်ဖို့ ၃၀၀ မီဂ္ဂါဝပ်အတွက် တင်ဒါခေါ်ဆောင်ရွက်နေပြီဖြစ်တယ်" လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အပူစွမ်းအင်သုံးဌာန အင်ဂျင်နီယာချုပ် ဦးသက်နိုင်ဦးက ပြောပါတယ်။ လာမည့် ၂၀၁၆ ခုနှစ် နွေရာသီမှာ တနိုင်ငံလုံး လျှပ်စစ်မီးပိုမိုရရှိ သုံးစွဲလာနိုင်ရေးအတွက် ဆောင်ရွက်နေပြီး နွေရာသီအမီ လျှပ်စစ်ဓာတ်အား မီဂ္ဂါဝပ် တိုးထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ မီးပုံမှန်ရရှိရေးအတွက် ထရန်စဖော်မာ တိုးချဲ့ တပ်ဆင်ခြင်းနဲ့ ဓာတ်အားလိုင်းတိုးချဲ့သွယ်တန်းခြင်းတွေကို ကြိုတင်ဆောင်ရွက်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့ မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် လျှပ်စစ်မီးမသုံးစွဲရမှု မဖြစ်ပေါ်စေရန် အခုလိုဆောင်ရွက်ရခြင်းပြီး လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏ ၁၂၀၀ မီဂ္ဂါဝပ် ရှိတယ်လို့ ဦးသက်နိုင်ဦးက ဆက်လက်ပြောဆိုခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မယ့် မေတ္တာစီမံကိန်းသစ်တခုကို စက်တင်ဘာလမှာ လျှပ်စစ်မီးထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဗို့အား အပြည့်အဝနဲ့ အချိန်ပြည့် မီးရရှိနိုင်ရေးအတွက် ကျပ်သန်း ဘီလီယံ ၁၀၀ လိုအပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024