A d v e r t i s e m e n t With Us

ရေဘေးသင့်ပြည်သူများကို ရန်ကုန်တိုင်းလွှတ်တော်က သောက်ရေနှင့် စားနပ်ရိက္ခာများ လှူဒါန်း

ရန်ကုန်တိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေကို ဒီနေ့ မနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနဲ့ ပြင်ပအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကို စုပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားတွေက မှော်ဘီ၊ တိုက်ကြီးနဲ့ ထန်းတပင်မြို့နယ်တွေက ရေဘေးကယ်ဆယ်ရေး စခန်းတွေကို စောင်၊ ဒန်အိုးဒန်ခွက်၊ ခေါက်ဆွဲခြောက်၊ ဆန်ဆီ၊ ငါးပိ၊ ငါးခြောက်၊ သောက်ရေသန့်တွေကို သြဂုတ်လ ၁၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့တာပါ။ ရေဘေးကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက်  လာဖြည့်စွမ်းကူညီပေးတာပါလို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းကပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up