Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မူကြမ်း ပြန်လည်သုံးသပ်ရန် ဆွေးနွေး
DVB
·
August 11, 2016
နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မူကြမ်း ပြန်လည်သုံးသပ်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ)က နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတို့ ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ဆွေးနွေးနေကြပါတယ်။ ဩဂတ်လ ၁၂ ရက်နေ့မှာ ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးကြမှာ ဖြစ်သလို ၁၃ ရက်နေ့မှာတော့ ကော်မတီဝင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့က နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မူကြမ်းကို သုံးပွင့်ဆိုင်ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ အကြိုပြင်ရေး ဆက်ကော်မတီ ၂ ရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။ ယူပီဒီဂျေစီ ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ဘက်က ၁၆ ဦး၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၁၆ ဦး၊ နိုင်ငံရေးပါတီက ၁၆ ဦး တို့နဲ့ဖွဲ့စည်းထားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အကောင်ထညဖော်ညှိနှိုင်းဆောင်ရွက်ရမယ့် အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီ UPDJC အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား ပါတယ်။ သတင်း၊ ဓာတ်ပုံ - လင်းဆက်အောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024