A d v e r t i s e m e n t With Us

အမေရိကန်သမ္မတလောင်း၏ အဆောက်အဦပေါ် တက်သူနှင့် ရဲတပ်ဖွဲ့ လုံးထွေးသတ်ပုတ် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ သြဂုတ် ၁၀ ရက် ညနေပိုင်းက ထရမ့်တာဝါ မိုးမျှော်အဆောက်အဦပေါ် အဆောက်အဦပြင်ပမှ ခိုတွယ်တက်ရောက်ခဲ့သူ လူငယ်တဦးကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။ အဆိုပါ အဆောက်အဦဟာ ၅၈ ထပ်ရှိပြီး အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် ရုံးထိုင်ရာ ရီပတ်ဘလီကန်ပါတီရုံးခန်းနဲ့ စီးပွားရေးလုပ်ငန်း ရုံးစိုက်ရာနေရာအဖြစ် အသုံးပြုတဲ့ နေရာတခုဖြစ်တယ်လို့ တိုင်းမ်ဖရီးပရက်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တက်ရောက်ခဲ့သူ လူငယ်ဟာ အသက် ၂၀ အရွယ်ဖြစ်ပြီး အဆောက်အဦပြင်ပ မှန်နံရံတွေကို စုပ်ခွက်တွေ၊ သိုင်းကြိုးတွေ အသုံးပြုပြီး ခိုတွယ် တက်ရောက်ခဲ့တာပါ။ အဲဒီနေ့ ညနေ ၆း၄၅ နာရီမှာတော့ အထူးရဲတပ်ဖွဲ့တွေက သူ့ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဆိုပါလူငယ်ဟာ အဲဒီနေ့ ညနေ ၄ နာရီလောက်ကတည်းက တက်ခဲ့တာလို့ ပြောပါတယ်။ ရဲတွေဟာ အဆောက်အဦရဲ့ ၂၁ ထပ်မြောက် အခန်းပြတင်းပေါက်မှတဆင့် အဆိုပါလူငယ်ကို အင်အားသုံးပြီး ဆွဲယူဖမ်းဆီးခဲ့ကြတာပါ။ အဆိုပါလူငယ်ကို အခန်းတွင်း ဆွဲယူချိန်မှာ ရုန်းကန်နေခဲ့ပြီး ရဲတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာတော့ ဒေါ်နယ်ထရမ့်ဟာ အဆောက်အဦထဲမှာ ရှိမနေခဲ့ဘဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရသူ အမျိုးသမီးက မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။ လက်ရှိမှာတော့ အဆိုပါလူငယ်ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး ဘာကြောင့် ခုလိုလုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up