ရေတာရှည်မြို့နယ် လုံရမ်းချောင်းအတွင်းက ရှေးဟောင်းလှေတစီး ဆယ်ယူရရှိ
DVB
·
August 11, 2016
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆံတော်ပို့ကျေးရွာအုပ်စု ၁၆ မိုင်ကျေးရွာအနီး လုံရမ်းချောင်းအတွင်းမှာ ရှေးဟောင်းလုံးထွင်းလှေတစီး ဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၅ ရက်နေ့က လုံရမ်းချောင်းအတွင်း ကလေးတွေ ရေကူးကစားကြရာက သဲထဲမှာမြုပ်နေတဲ့ လှေကို တွေ့ခဲ့တာဖြစ်ပြီး တွေ့ရှိချိန်မှာ လှေက လှေဦးပဲပေါ်ခဲ့တာ။
အဲဒီလှေကို သြဂုတ်လ ၆ ရက်နေ့ မနက်က အဲဒီနားမှာရှိတဲ့ ၁၅ မိုင်ကျေးရွာ၊ ၁၆ မိုင်ကျေးရွာက ရွာသားတွေ လှေကို ဝိုင်းဝင်းဖော်ကြရာ နေ့လယ် ၂ နာရီ ၂၁ မိနစ်မှာဆယ်ယူနိုင်ခဲ့ပြီး လှေက အလျှား ပေ ၅၀၊ လုံးပတ် ၈ ပေ ၄ လက်မ ခန့်ရှိတယ်လို့ လှေဆယ်ယူရာမှာ ဦးစီးတဲ့ လှည်းကွဲလေး ရွာဦးကျောင်းဆရာတော် ဦးကောဝိဒ က မိန့်ကြားပါတယ်။
သတင်း - အောင်စိုးမိုး၊ ဓာတ်ပုံ - မျိုးနိုင်