ခြင်္သေ့မိခင်နဲ့ ကျားဖခင်တို့မှ မွေးဖွားသည့် ရှားပါး ကျားခြင်္သေ့ပေါက်ကလေး (ရုပ်သံ)
ဒါဟာ တော်တော့်ကို ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတခုပါ။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ဝန်းကျင် ပိုဒေါလ်စ်က် စက်မှုမြို့တော်တွင်းမှာ ခြင်္သေ့မိခင်နဲ့ ကျားဖခင်တို့ကနေ တိုင်ဂွန်အမည်ရတဲ့ ကျားခြင်္သေ့ပေါက်ကလေးတကောင် မွေးဖွားခဲ့တာပါ။
ကြည့်လိုက်ရင်တော့ ခြင်္သေ့လိုလို၊ ကျားလိုလို သတ္တ၀ါလေးတကောင်ကို တွေ့ရမှာပါ။
ဒီ ကျားခြင်္သေ့ပေါက်ကလေးကို ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သြဂုတ် ၈ ရက်နေ့မှာတော့ အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်ဖို့ ပြသလိုက်တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ချစ်စရာကောင်းတဲ့ တိုင်ဂွန်ကို ဆိုဖာအမည်ရတဲ့ မိခင်ခြင်္သေ့မနဲ့ ဆူလ်တန်အမည်ရတဲ့ ဖခင် ကျားကြီးတို့က ကြင်ကြင်နာနာ ဆက်ဆံနေကြတာတွေကို တွေ့ရပါတယ်။