Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ဒီ​နေ့​ လွှတ်​ပေး​မည်ဟု သတင်း​များ​ထွက်​ပေါ်
အေးနိုင်
·
October 11, 2011
နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​တော့​မယ်လို့​ သတင်း​တွေ ရန်ကုန်မှာ ပျံ့​နှံ့​နေပါတယ်။ ရန်ကုန်မှာ နိုင်ငံ​တော်သမ္မတကြီး​ ဦး​သိန်း​စိန်က ၁၁ နာရီ​လောက် အမိန့်​ထုတ်ပြန်မယ်ဆိုပြီး​ သတင်း​တွေထွက်​နေတယ်လို့​ ဒီမိုက​ရေစီကွန်ရက်က ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုဖြိုး​မင်း​သိမ်း​က ​ပြောပါတယ်။ သတင်း​စာထဲမှာလည်း​ မြန်မာနိုင်ငံ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်က​နေပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလွတ်​မြောက်​ရေး​အတွက် နိုင်ငံ​တော်သမ္မတကို ​ပေး​စာ​တွေ ​ပေး​တယ်ဆိုပြီး​ သတင်း​တွေ အကြီး​အကျယ်ဖြစ်​နေတယ်လို့​ ဆိုပါတယ်။ ဒီ​နေ့​လူ ၈၀၀ ​လောက်လွှတ်မယ်ဆိုပြီး​ အင်း​စိန်​ထောင်​ရှေ့​မှာ ​တော်​တော်များ​များ​ သွား​ရောက် ​စောင့်​ကြည့်​နေတယ်လို့​ ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။ “ကျ​နော်တို့​လည်း​ ဒီအ​ခြေအ​နေကို အနီး​ကပ်​လေ့​လာ​နေတယ်။ ​နောက်ပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ရဲ့​ စာရင်း​တွေ အား​လုံး​ကို အစိုး​ရဘက်က သတ်မှတ်ထား​သည်ဖြစ်​စေ၊​ မသတ်မှတ်ထား​သည်ဖြစ်​စေ ကျ​နော်တို့​ဘက်က နိုင်ငံ​ရေး​အမှုနဲ့​ ​ထောင်ကျသွား​တဲ့​သူ​တွေ​ပေါ့​ ဘယ်လိုပုဒ်မမျိုး​ပဲ အတပ်ခံရတယ်​ပေါ့​။ အဲ့​ဒီစာရင်း​တွေကို ဒီ​နေ့​ထုတ်ပြန်ဖို့​ ကြိုး​စား​နေပါတယ်။” ထောင်အလိုက် နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ စာရင်း​တွေကို ​ကောက်ယူ​နေပြီး​ စာရင်း​ထဲ မပါသူ​တွေအ​နေနဲ့​ လာ​ရောက် ​ပြောကြား​နိုင်တယ်လို့​ ဆိုပါတယ်။ “​ထောင်အလိုက် စာရင်း​တွေကို မကြာခင်ထုတ်ပြန်မှာပါ။ တကယ်လို့​မပါဝင်ခဲ့​ဘူး​ ဆိုရင်လည်း​ အဲ့​ဒီ့​ထောင်နဲ့​စာရင်း​တွေကို ​ထောင်​တွေမှာရှိတဲ့​သူ​တွေရဲ့​ မိသား​စု​တွေက စာရင်း​ကိုတိုက်ကြည့်​ပြီး​ သူတို့​မိသား​စု​တွေမပါဘူး​ဆိုရင် ကျ​နော်တို့​ကို ​ပြောဖို့​ အ​ကြောင်း​ကြား​ထား​ပါတယ်။ အဲ့​အတွက် ဆက်သွယ်ရမယ့်​ ဖုန်း​နံပတ်​တွေ ဆက်သွယ်ရမယ့်​ လူ​တွေလည်း​ ထုတ်ပြန်ထား​တယ်။ အဖွဲ့​ချုပ်ရုံး​မှာလည်း​ ထုတ်ပြန်ဖို့​ ကျ​နော်တို့​ပြောထား​ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024