A d v e r t i s e m e n t With Us

တင့်ကားတပ်ဖွဲ့ စွမ်းရည်ပြပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် တရုတ်စစ်တပ် ပထမရ (ရုပ်သံ)

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၆ နိုင်ငံတကာ စစ်ရေးပြ ကစားပွဲအတွင်း သြဂုတ် ၉ ရက်က ကျင်းပတဲ့ တင့်ကားတပ်ဖွဲ့ စွမ်းရည်ပြပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ တရုတ်စစ်တပ်က ပထမ ရခဲ့ပါတယ်။ ဒီပွဲမှာ တင့်ကားတပ်ဖွဲ့ဝင်တွေကို ရှုပ်ထွေးတဲ့ သင်တန်းပေးမှုတွေလည်း ပါပါတယ်။ တပ်ဖွဲ့ဝင်တွေဟာ ကြမ်းတမ်းတဲ့ မြေပြင်မှာ တင့်ကားကိုမောင်းရင်း အမြောက်နဲ့ ပစ်ခတ်တာ၊ လေယာဉ်ပစ် စက်သေနတ်နဲ့ ပစ်ခတ်တာ၊ အမြန်မောင်းတာတွေ လုပ်ရပါတယ်။ "အခက်ဆုံးအပိုင်းက လေးနိုင်ငံက တင့်ကားတွေ တချိန်တည်း စထွက်ချိန်မှာ စမှတ်နဲ့ ကုန်းစောင်းကိုတက်ရတဲ့ အပိုင်းပဲ၊ အမြန်ဆုံးတင့်ကားက တောင်ကုန်းပေါ်ကို ပထမဆုံး ရောက်တယ်၊ နောက်ကျတဲ့တင့်ကားက နှောင့်နှေးကျန်ရစ်တယ်" လို့ တင့်ကားမောင်းသူ ဘိုင်ဟူက ပြောပါတယ်။ ကာဇက်စတန်၊ အာမေးနီးယား၊ အန်ဂိုလာနဲ့ တရုတ် တင့်ကားအဖွဲ့တွေကြား ပြိုင်ပွဲအတွင်း တရုတ်တင့်ကား အမှတ် ၁၀၉ က ပန်းဝင်မျဉ်းကို ၁၀၅ မိနစ်အကြာမှာ ဖြတ်ကျော်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ရုရှားဒေသခံတွေ အများအပြားနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲကို လာမယ့် သြဂုတ် ၁၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အကြိုဗိုလ်လုပွဲမှာ နိုင်ခဲ့တဲ့ အသင်း ၃ သင်းက ချန်ပီယံနေရာကို လုကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up