Home
မြန်မာသတင်း
အရက်ဆိုင်များ ပိတ်သိမ်းပေးရန် တောင်ကုတ်တွင် ဆန္ဒပြ
DVB
·
August 10, 2016
13951045_277281382627876_890383114_o
13932171_277281389294542_1969250877_o
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မြို့ပေါ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ အရက်ဆိုင်တွေ ပိတ်သိမ်းပေးဖို့ တောင်ကုတ်မြို့ခံ ပြည်သူတွေက ဒီကနေ့မွန်းလွဲပိုင်းက လမ်းပေါ်ထွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ တောင်ကုတ်မြို့မှာ အရက်ရှောင်းချမှု၊ အရက်သောက်စားမှု များပြားလာတာကြောင့် လူ့အဖွဲ့အစည်းမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပြဿနာတွေ ဆိုးဝါးလာပြီး မုဒိန်းမှု၊ လူသတ်မှု၊ ဆိုင်ကယ်တိမ်းမှောက်မှုတွေ မကြာခဏဖြစ်ပွားလာတာကြောင့် မြို့ပေါ်ရှိ အရက်ဆိုင်တွေကို ပိတ်သိမ်းပေးဖို့ ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးသိန်းလွင်က ''ကျနော်တို့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ အရက်တွေ စည်းမဲ့ကမ်းမဲ့ရောင်းချနေတာတွေ သောက်သုံးနေတာတွေ အရမ်းများလာပါတယ်။ ရခိုင်ပြည်သူ၊ ပြည်သားတွေ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီပွားရေး မလိုလားအပ်တဲ့ ပြဿနာပေါင်းစုံဟာ ဒီအရက်ကဖြစ်နေတာကြောင့် ဆိုးဝါးနေတဲ့ ဒီအဖြစ်အပျက်တွေကို မလိုလားဘူး။ ဒါကိုသက်ဆိုင်ရာက တာဆီးပေးဖို့လိုပါတယ်။ တောင်ကုတ်မြို့မှာ လူငယ်တွေ အများဆုံး အရက်သေစာသောက်စားပြီး ခိုးဝှတ်လုယက်မှု၊ မုဒိမ်းမှု၊ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာကြောင့် အရက်ဆိုင်ပိတ်ပေးဖို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။ ဆန္ဒပြရာမှာ ပါဝင်သူ ဒေါ်အိမိစံက ''တဖြည်းဖြည်းနဲ့ လူငယ်စာရိတ္တတွေ ပျက်ပြားလာတယ်။ ညဆိုရင် ကျမတို့ အပြင်မထွက်ရဲလောက်အောင်ဖြစ်နေတယ်။ လူငယ်တွေ လူကြီးတွေ ညကျရင် အရက်ဆိုင် ဘီယာဆိုင်တွေမှာအပြည့်ပါပဲ။ ကျူရှင်တက်နေတဲ့ ကျောင်းသူ အမျိုးသမီးတွေကို အမြဲတမ်းအနှောင့်ယှက်ပေးနေတာတွေရှိပါတယ်။ အစ်မတို့ဆိုရင် သမီးမိန်းကလေးပဲရှိပါတယ်။ တဖြည်းဖြည်းစိုးရိမ်လာတယ်။ ပြဿနာတွေတက်လာရင် လည်း သက်ဆိုင်ရာက ဖြေရှင်းပေးတာလည်း မရှိဘူး။ ဆိုးဆိုးဝါးဝါးဖြစ်နေတာပါ။ ဒါကို သက်ဆိုင်ရာက ဘယ်လိုဆောင်ရွက်ပေးမလဲ၊ ဘယ်လိုအရေးယူပေးမလဲသိချင်တယ်။ တောင်ကုတ်မြို့မှာ တဖြည်းဖြည်းဆိုးဝါးလာနေတယ်။ ပုံရိပ်တွေ တနေ့ထက်တနေ့ ကျဆင်းလာနေတယ်။ ဒီဆိုင်တွေကို ထိထိရောက်ရောက်အရေးယူပြီး ပိတ်သိမ်းပေးဖို့လိုလာပြီ” လို့ ပြောပါတယ်။ ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲကို လူ ၁၀၀0 လောက် ပါဝင်ခဲ့ကြပြီး မပိုးဝါလမ်း၊ ဦးဥတ္တမလမ်း၊ အမ်းလမ်းအတိုင်း လမ်းလျှောက်ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ 13932171_277281389294542_1969250877_oတောင်ကုတ်မြို့မှာ တရားမဝင်အရက်ရောင်းချတဲ့ စားသောက်ဆိုင်ပေါင်း ၂၀၀ လောက် ရှိပြီး တရားဝင်အရက်ဆိုင်တွေက ၆၀ လောက်ရှိနေပါတယ်။ ဒါ့အပြင် အရက်ဆိုင်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးမယူခြင်းတာကြောင့် တောင်ကုတ်မြို့မှာ တနေ့ထက်တနေ့ လူမှုရေးပြဿနာတွေ ပိုမိုရှုပ်ထွေးဆိုးဝါးလာနေတယ်လို့ဆန္ဒပြသူတွေက ပြောပါတယ်။ သတင်းဓာတ်ပုံ - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024