A d v e r t i s e m e n t With Us

တရုတ်ခရီးသွားအုပ်စု လမ်းဖြတ်ကူးစဉ် ကားတိုက်မိ၊ ၁ ဦး သေဆုံး

ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်ခဲ့တဲ့ တရုတ်အမျိုးသားတဦးဟာ လမ်း ဖြတ်ကူးချိန်မှာ ကားတိုက်မိပြီး သေဆုံးသွားခဲ့တယ်လို့ ဖူး ခက်ဂေဇက်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၅၄ နှစ်အရွယ် ရှန်ဘင်းလူအမည်ရတဲ့ အဆိုပါအမျိုးသားဟာ ကလေး ၂ ယောက်ဖခင် ဖြစ်ပြီး ထိုင်းနိုင်ငံကို အားလပ်ရက်ခရီး အလည်အပတ်လာရောက်ခဲ့တာပါ။ သြဂုတ် ၉ ရက်နေ့ညပိုင်း ၁၁ နာရီလောက်မှာ သက်ပ်ကာဆက်ထရီလမ်းမပေါ်က ဆဲဗဲန်းအလဲဗဲန်းဆိုင်ရှေ့မှာ ခရီးသွားဧည့်သည်တင်ဘတ်စ်ကားရပ်ခဲ့ပြီး လမ်းဖြတ်ကူးချိန်မှာ ကားတိုက်မိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့အုပ်စုမှာ ခရီးသည် ၁၀ ဦးပါဝင်ပြီး လမ်းဖြတ်ကူးချိန်မှာ လူဟာ နောက်ဆုံး ကနေဖြတ်ကူးခဲ့တာပါ။ သူဟာ အခင်းဖြစ်တဲ့ နေရာမှာတင်သေဆုံးသွားခဲ့ပြီး မဆင်မခြင် မောင်းနှင်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ယာဉ်မောင်း ပဲလော့ဂျူဂျင်ဒါကို ရဲတွေက အရေးယူသွားမယ်လို့ ပြောပါတယ်။ သာလန်းခရိုင်ရဲဌာန ဒုတိယဗိုလ်ချုပ်ကြီး ဆနစ်ခ်ျနော့ကွန်ကတော့ ခရီးသည် တင်ဘတ်စ်ကား ကုမ္ပဏီအနေနဲ့ လူသေဆုံးရတဲ့အတွက် မိသားစုကို လျော်ကြေးပေး လိမ့်မယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up