A d v e r t i s e m e n t With Us

တရုတ်သင်္ဘောများ ဂျပန်ရေပိုင်နက်သို့ တတိယနေ့မြောက် ၀င်ရောက်

တရုတ်အစိုးရသင်္ဘောလေးစီးဟာ  အရှေ့အာရှရှိ ဆင်ကာကူးကျွန်းတွေအနီး ဂျပန်ရေပိုင်နက်ထဲကို  ထပ်မံကျူးကျော်ဝင်ရောက်ကြောင်း ဂျပ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ၂၀၁၂ ခုနှစ်စရေတွက်ရင် ဂျပန်ရေပိုင်နက်ထဲကို တရုတ်သင်္ဘောတွေ သုံးရက်ဆက်တိုက် ၀င်ရောက်ခဲ့တာဖြစ်ပြီး ဒါဟာ ပထမဆုံးပဲလို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ မနေ့မနက် ၈ နာရီ မိနစ် ၄၀ နဲ့ ညနေ ၅ နာရီမှာ ကျူးကျော်တာဖြစ်ပြီး ည ၇ နာရီခန့်မှာ ဂျပန်ရေပိုင်နက်ကနေ ထွက်ခွာသွားကြကြောင်းနဲ့ ဒါပေမယ့် ဒီသင်္ဘောတွေဟာ ဂျပန်ရေပိုင်နက်အပြင်မှာ ခုတ်မောင်းနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအနားဝန်းကျင်မှာ တရုတ်ငါးဖမ်းသင်္ဘောအများအပြားလည်း ရှိနေတယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး တရုတ်အစိုးရသင်္ဘောတွေနဲ့ ငါးဖမ်းလှေတွေ ဂျပန်ရေပိုင်နက်ထဲဝင်ကတည်းက ဂျပန်ကမ်းခြေစောင့်တပ်က ရေပြင်နဲ့ကျွန်းတွေတလျှောက်ကင်းလှည့်တာကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဂျပန်က အဆိုပါ ကျွန်းတွေကို ထိန်းချုပ်ထားပါတယ်။ ဂျပန်အစိုးရက ဒီကျွန်းတွေဟာ ဂျပန်ပိုင်နက်အဖြစ် အစဉ်အဆက်ရှိခဲ့တယ်လို့ ပြောဆိုသလို တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတို့ကလည်း သူ့တို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားကြပါတယ်။ မနေ့ကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး တရုတ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုဟာ ပုံမှန်မဟုတ်ဘူးလို့ ကန့်ကွက်ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up