Home
မြန်မာသတင်း
Pokemon Go ဂိမ်းအသစ်နှင့်ပတ်သက်ပြီး အွန်လိုင်းပေါ် သတိပေးချက် ထွက်ပေါ်
DVB
·
August 10, 2016
မြန်မာလူငယ်တွေကြား ရေပန်းစားနေတဲ့ ဂျပန်နိုင်ငံထုတ် ဂိမ်းအသစ်နဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။ နာမည်ကျော် Pokemon Go ဂိမ်းကို မြန်မာနိုင်ငံမှာ သြဂုတ် လဆန်းလောက်ကစပြီး စတင်ကစားလို့ ရနေသလို နိုင်ငံတကာမှာလည်း ဒီဂိမ်းက လူကြိုက်များ ရေပန်းစားနေတဲ့ ဂိမ်းတခု ဖြစ်နေတာပါ။ လက်ရှိ ဒီ Pokemon Go ဂိမ်းက တခေတ်ဆန်းလာတဲ့နဲ့အတူ ဒီဂိမ်းကစားသူတွေ ယာဉ်တိုက်မှုတွေ၊ ထိခိုက်မှုတွေဖြစ်လို့ ဒီဂိမ်းကို မကစားဖို့ တားမြစ်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ဗွီဒီယိုဖိုင်တွေလည်း ထွက်လာပါတယ်။ ဒီဂိမ်းက GPS စနစ်နဲ့ချိတ်ပြီး အကောင်ကို လိုက်ရှာဖွေ ကစားရတဲ့ ဂိမ်းဖြစ်တာကြောင့် ဂိမ်းထဲကို စိတ်ရောက်ပြီး တရားလွန်တော့ မဆော့သင့်ဘူးလို့ ဂိမ်းကစားတဲ့ လူငယ်တဦးဖြစ်သူ ကိုအောင်မျိုးဟိန်းက ပြောပါတယ်။ “အမှန်တကယ် ပြောရရင်တော့ ဒီဂိမ်းက နည်းနည်းတော့ အန္တရာယ်များတဲ့ သဘောပေါ့နော်။ စိတ်လွတ်လက်လွတ်ဆော့လို့တော့ အဆင်မပြေဘူးပေါ့။ ဒီ ဖုန်းချည်းပဲကြည့်ပြီး သွားနေမယ်ဆိုရင်တော့ အက်ဆီးဒင့်တခုခုတော့ ဖြစ်နိုင်တာပေါ့။ နည်းနည်းလေး သတိထားပြီး ဆော့ရင်တော့ ကောင်းတာပေါ့။” ဒါပေမယ့် ဒီဂိမ်းမှမဟုတ်ပါဘူး၊ ဘယ်ဂိမ်းမဆို ကားမောင်းနေရင်း၊ လမ်းကူးနေရင်း အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ကစားရင်တော့ မတော်တဆ ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်လို့ ကိုစိုးဇေယျာထွန်းက သုံးသပ်  ပြောဆိုပါတယ်။ “အခုဂိမ်းမှ မဟုတ်ဘူး။ ကားမောင်းရင်းနဲ့ ဖုန်းကိုသုံးတယ်ဆိုတာ ဂိမ်းကိုသုံးမှ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အန္တရာယ်များတဲ့ Risk တော့ ရှိတာပေါ့နော်။ ကားမောင်းနေရင်းနဲ့တော့ မသုံးသင့်ဘူး။” ဒီဂိမ်းမှာ လိုက်ရှာရတဲ့ အကောင်တွေက များသောအားဖြင့်တော့ Downtown နေရာတွေ၊ ထင်ရှားတဲ့နေရာတွေ၊ ပန်းခြံနဲ့ လူစည်ကားတဲ့နေရာတွေမှာ အများဆုံး တွေ့ရတယ်လို့ သူတို့က ဆက်ပြောပါတယ်။ ဒီဂိမ်းကို ဂျပန်နိုင်ငံက တီထွင်တာဖြစ်ပြီး သြဂုတ်လကမှ နိုင်ငံတကာမှာ စတင်ကစားနိုင်ခဲ့တာပါ။ အန္တရာယ်ကင်းကင်းနဲ့ အပျော်ဆော့ဖို့ပဲသင့်ပြီး ပန်းခြံလိုနေရာမျိုး အားလပ်ရက်တွေမှာ သွားဆော့တာမျိုးပဲ လုပ်သင့်ပြီး တရားလွန်တော့ မဆော့သင့်ဘူးလို့ ဂိမ်းကစားတဲ့ လူငယ်တွေက သုံးသပ်ကြပါတယ်။ သတင်း - ခင်နှင်းဖြူစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024