ပရီးမီးယားလိဂ်တွင် လုပ်ခအများဆုံးရ ကစားသမားဖြစ်လာသည့် ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်အသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တဲ့ ပေါ့ဘာဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၉ သန်း ပေးချေခဲ့ရသလို တပတ်လုပ်ခ ပေါင် ၂ သိန်း ၉ သောင်း ပေးချေရမှာဖြစ်လို့ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ တပတ်လုပ်ခ အများဆုံးရရှိတဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ပေါ့ဘာရဲ့နောက်မှာ အသင်းဖော် ရွန်းနီက တစ်ပတ် ပေါင် ၂ သိန်း ၆ သောင်းနဲ့ ဒုတိယ လုပ်ခအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး နောက်ထပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဖြစ်တဲ့ အီဗရာဟီမိုဗစ်က တပတ်ပေါင် ၂ သိန်းခွဲ ရရှိနေလို့ တတိယ လုပ်ခအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဒီကစားသမားတွေရဲ့ နောက်မှာတော့ မန်စီးတီးက အဂွဲရိုး၊ ယာယာတိုရေး၊ ချဲလ်ဆီးက ဟာဇက်၊ မန်စီးတီးက ဒေးဗစ်ဆေးလ်ဗား၊ အာဆင်နယ်က အိုဇေးလ်၊ မန်ချက်စတာယူနိုက်တက်က ဒီဂီယာနဲ့ မန်စီးတီးက စတာလင်တို့ဟာ ပရီးမီးယားလိဂ်မှာ လုပ်ခအများဆုံးရတဲ့ ကစားသမားတွေအဖြစ် အစဉ်လိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up