Home
သတင်းဓာတ်ပုံ
မိုးညို ရေဘေးဒုက္ခသည်များအတွက် အကူအညီလိုအပ်နေ (ဓာတ်ပုံ)
DVB
·
August 10, 2016
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့ မဟာသုမင်္ဂလာကြေးသွန်းဘုရားကြီး ရေဘေးကယ်ဆယ်ရေး စခန်းမှာ လူဦးရေ ၆၀၉ ဦးရောက်ရှိနေပြီး စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေပါတယ်။ ကယ်ဆယ်ရေးစန်းကို သြဂုတ် ၄ ရက်နေ့က စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး စခန်းမှာ ရေဘေးဒုက္ခသည်တွေကို ကျွေးမွေးဖို့အတွက် အခက်အခဲရှိနေပါတယ်။ တနေ့ကုန်ကျစရိတ်က ဆန် ၅ အိတ်နဲ့ ဟင်းဖိုး သုံးသိန်းထိကုန်ကျနေပြီး ၂၀ လီတာရှိတဲ့ ရေဘူးကြီး တနေ့ကို ဘူး ၂၀ ကုန်ကျနေတာပါ။ အခုအချိန်မှာ ဆန်အိတ်နဲ့ ရေဘူးက လုံလောက်နေပေမယ့် ၁၂ ရက်နေ့နောက်ပိုင်း အစားအစာ ကျွေးမွေးဖို့ အခက်အခဲရှိနေပါတယ်။ သြဂုတ် ၁၂ ရက်နေ့နောက်ပိုင်းမှာ အလှူရှင်တွေမလာရောက်ခဲ့ပါက မိုးညိုမြို့က ရပ်ကွက်တွေထဲမှာ ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူတွေက သွားရောက်အလှူခံပြီး ကျွေးမွေးဖို့ ပြင်ဆင်နေကြ ပါတယ်။ ဓာတ်ပုံ -ဟိန်းကို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024