Home
မြန်မာသတင်း
င၀န်မြစ်ရေမြင့်တက်မှုကြောင့် ပုသိမ်မြို့နယ် ရေနစ်မြုပ်
DVB
·
August 10, 2016
င၀ါမြစ်ရေ မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ရေကြီးနစ်မြုပ်နေ တဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ ကျော်ဖွင့်လင့်ထားရတယ်လို့ ပုသိမ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက ပြောပါတယ်။ “နေရာကတော့ အနှံ့အပြားပဲ၊ ပုသိမ်မြို့ပေါ် ရပ်ကွက်တွေလည်း များတယ်ပေါ့လေ။ အခု ကယ်ဆယ်ရေးစခန်းက ၃၀ ကျေ်လောက်ဖြစ်သွားပြီ။ လူဦးရေက မနေ့က စာရင်းအထိကတော့ ၄ ထောင်နီးပါပဲ။ ညကလည်းထပ်ထိုးတော့ အတိအကျတော့ မပြောတတ်သေးဘူး။” င၀န်မြစ်ရေမြင့်တက်မှုကြောင့် ပုသိမ်မြို့မှာ ရေကြီးနစ်မြုပ်နေတာ ဒီကနေ့ဆိုရင် ၃ ရက်မြောက် ရှိပြီဖြစ်ပြီး မနေ့က ရေအမြင့်ဆုံး တက်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပုသိမ်မြို့နယ်မှာ မြို့ပေါ် ၁၅ ရပ်ကွက်နဲ့ ကျေးရွာအုပ် ၇၅ အုပ်စု ရှိပြီး တမြို့နယ်လုံးနီးပါ ရေကြီးနစ်မြုပ်တာလို့လည်း ဒေါက်တာစိုးဝင်းက ပြောပါတယ်။ ရေကြီးမှုကြောင့် ပုသိမ်တက္ကသိုလ်အပါအ၀င် စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ရေဘေးသင့်ပြည်သူတွေကို အစိုးရအဖွဲ့အစည်းအပါအ၀င် လူမှုရေးအဖွဲ့တွေ၊ အန်ဂျီအို အဖွဲ့အစည်းတွေကလည်း ၀ိုင်းဝင်းကူညီမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်း ဒေသကြီး ၈ ခုမှာ ရေဘေးသင့်သူပေါင်း ၄ သိန်း ၂ သောင်းနီး ပါးရှိနေပြီး သေဆုံးသူ ၅ ဦးရှိသွားပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာနကထုတ်ပြန်ချက်အရသိရပါတယ်။ ဇူလိုင် ၁၅ ၇က်နေ့ကနေ သြဂုတ်လ ၉ ရက်နေ့အထိ လူနေအိမ်ခြေပေါင်း ၉ သောင်း ၇ ထောင်ကျော်ပြောင်းရွေ့ခဲ့ရာကာ အိမ်ခြေ ၂၂၀ ကျော် ရေထဲမျောပါပျက်စီး ဆုံးရှုံးသွားခဲ့ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024