ရွှေလက်တွဲလိုက်သည့် လူပုလေးစုံတွဲ ဂင်းနက်စ်စံချိန်ဝင်ရန် မျှော်လင့် (ဓာတ်ပုံ)

2.7K
ပေါ်လိုနဲ့ ကတ်ယူစီယာတို့စုံတွဲရဲ့ ၂ ယောက်ပေါင်း အရပ်အမြင့်ဟာ ၅ ပေ ၁၀ လက်မ (၁၇၈ စင်တီမီတာနီးပါး) သာရှိပြီး လက်ရှိမှာတော့ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲတွေအဖြစ် သတ်မှတ်ခံရဖို့ အလားအလာ ရှိနေတာပါ။
သူတို့ ၂ ဦးစလုံးဟာ ဘရာဇီးနိုင်ငံမှဖြစ်ပြီး တဦးနဲ့တဦး မေတ္တာမျှနေကြတာပါ။
အရပ်အမြင့် ၈၉ ဒသမ ၅ စင်တီမီတာရှိတဲ့ ကတ်ယူစီယာ လီယာ ရိုချီဒိုနဲ့ အရပ်အမြင့် ၈၈ ဒသမ ၅ စင်တီမီတာ အမြင့်ရှိတဲ့ ပေးလို ဂါဘရီယယ် ဒါဆေးလ်ဗား ဘာရော့စ်တို့ဟာ လွန်ခဲ့တဲ့ ၈ နှစ်တာကာလတည်းက တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ သူတို့ရဲ့ လက်တွဲစေ့စပ်ထိမ်းမြားမှုဟာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန် စာအုပ်မှာ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲအဖြစ် မှတ်တမ်းတင် ဖော်ပြနိုင်ဖို့ မျှော်လင့်နေကြတာပါ။
လက်ရှိ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲအဖြစ် မှတ်တမ်းတင်ထားတာကတော့ ဘရာဇီးနိုင်ငံကပဲ ဒေါက်ဂလပ်စ် မိုင်စတာ ဘရီဂါဒါဆေးလ်ဗားနဲ့ ကလော်ဒီယာ ပယ်ရီရာယာ ရိုချာတို့ဖြစ်ကာ ၂ ယောက်ပေါင်း အရပ်အမြင့် ၁၈၀ စင်တီမီတာ ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ