ငမိုးရိပ်ဆည်ကျိုးနိုင်ဆိုသည့်သတင်း ကောလာဟလဟု အစိုးရထုတ်ပြန်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးအနီးရှိ ငမိုးရိပ်ရေလှောင်တမံ ကျိုးပေါက်နိုင်ပြီး မြို့နယ်တချို့မှာ ရေကြီးမယ်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့နေတဲ့သတင်းတွေဟာ ကောလာဟလသတင်း အမှားတွေဖြစ်တယ်လို့ အစိုးရသတင်းစဉ်က ထုတ်ပြန်ပါတယ်။
''ငမိုးရိပ်ရေလှောင်တမံနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိ ပါဘူး။ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နေတဲ့သတင်းတွေက သတင်းအမှားတွေပါ။ မနှစ်ကလည်း ဒီလိုအချိန် လူမှု ကွန်ရက်စာမျက်နှာမှာ သတင်းအမှားတွေတက်လာလို့ ရှင်းရသေးတယ်။ ဆည်က ရေပြည့်ဖို့ ခုနစ်ပေတောင် လိုသေးတယ်။ ရေပြည့် ရင်တောင် ဒီလကုန်မှ ပြည့်မှာပါ''လို့ ဆည်မြောင်းဦးစီးဌာန ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကံချွန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။
ငမိုးရိပ်တမံ ကြံ့ခိုင်မှုရှိစေဖို့ ဆည်မြောင်းဦးစီးဌာနအနေနဲ့ လိုအပ်တဲ့ တိုင်းတာစစ်ဆေးခြင်း၊ ရေမှတ်များ အမြဲမပြတ် စောင့်ကြည့်ခြင်း၊ ရေစိမ့်ပေါက်များအား တိုင်းတာစစ်ဆေးခြင်း စတာတွေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနေပြီး သတင်းအမှန်သိဖို့ ဖုန်း-ဝ၉၇၉၆၂၁၇၃၉၅ ကိုအချိန်မရွေး ဖုန်း ဆက်မေး နိုင်တယ်လို့လည်းဆိုပါတယ်။
၁၉၉၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ ငမိုးရိပ်ရေလှောင်တမံဟာ မြေသားတမံအမျိုးအစား ဖြစ်ပြီး တမံမှရေကို ရန်ကုန်မြို့နေ လူထုသောက်သုံးရေအတွက် နေ့စဉ် ရေဂါ လန် သန်း ၉ဝ ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။