Home
မြန်မာသတင်း
ကျောက်တံခါး​ရဲ ဥပ​ဒေချိုး​ဖောက်မှု အ​ရေး​မယူ
အေးနိုင်
·
October 10, 2011
ပဲခူး​တိုင်း​ဒေသကြီး​ ​ကျောက်တံခါး​မြို့​နယ် ရဲတပ်ဖွဲ့​ဟာ မြို့​ချောင်း​ကျေး​ရွာအုပ်စု၊​ မြို့​ချောင်း​ ရဲစခန်း​မှ ရဲတပ်ဖွဲ့​ဝင်​တွေက အရပ်သား​လူငယ်​တွေကို ​သေနတ်နဲ့​ပစ် ဖမ်း​ဆီး​ရိုက်နှက်တဲ့​အမှုကို တိုင်တန်း​ထား​ပေမယ့်​ ထိထိ​ရောက်​ရောက် အ​ရေး​မယူဘူး​လို့​ ခံရတဲ့​လူငယ်က ​ပြောပါတယ်။ ကျောက်တံခါး​မြို့​ နယ် မြို့​ ​ချောင်း​ကျေး​ရွာအုပ်စု၊​ မြို့​ချောင်း​ရဲစခန်း​ အနီး​က KTV ဆိုင်မှာ စက်တင်ဘာ ၂၆ ရက်​နေ့​ ညသန်း​ခေါင်​လောက်မှာ လူငယ်​တွေ ရန်ဖြစ်ကြပါတယ်။ ရန်ဖြစ်သူတဦး​ဖြစ်တဲ့​ ​မောင်မင်း​သူရကို အရပ်ဝတ်ရဲ​တွေက လိုက်ဖမ်း​ရင်း​ ​သေနတ်နဲ့​ပစ်တယ်လို့​ ဆိုပါတယ်။ မြို့​မှာ​ကျောင်း​တက်ရာက ​ခေတ္တပြန်လာတဲ့​ ​မောင်မင်း​သူရရဲ့​ညီငယ် ​မောင်ရန်ပိုင်ဟာ သူ့​သူငယ်ချင်း​နဲ့​အတူ ​မောင်မင်း​သူရကို သွား​ခေါ်စဉ်မှာ ရဲက သူတို့​ကိုပါ လိုက်ဖမ်း​တာ​ကြောင့်​ ထွက်​ပြေး​ခဲ့​ရတယ်လို့​ ​ပြောပါတယ်။ မြို့​ချောင်း​ရဲစခန်း​မှူး​ ရဲအုပ် တင့်​ဆွေနှင့်​ ဒုတပ်ကြပ် ရန်နိုင်လင်း​တို့​ အပါအဝင် တပ်ဖွဲ့​ဝင်​တွေဟာ ရဲကား​ကိုစီး​ပြီး​ အရပ်ဝတ်​တွေနဲ့​ သူ့​အစ်ကို ​မောင်မင်း​သူရကို ​သေနတ်နဲ့​လိုက်ပစ်တာ မြင်ခဲ့​တယ်လို့​ ​မောင်ရန်ပိုင်က ​ပြောပါတယ်။ “ရဲကား​နဲ့​လာပြီး​ ကား​မီး​ထိုး​ပြီး​ လိုက်ပစ်တာ။ ကျ​နော်အကုန်လုံး​ ရှင်း​ရှင်း​လင်း​လင်း​ မြင်​နေရတယ်။” အရပ်ဝတ်ရဲ​တွေဟာ ​မောင်ရန်ပိုင်တို့​နေအိမ်ကို​ရောက်လာပြီး​ အိမ်​ပေါ်ကဆင်း​လာဖို့​ အတင်း​ခေါ်တဲ့​အ​ကြောင်း​ သူ့​သူငယ်ချင်း​က ဆင်း​သွား​ရာ ထိုး​ကြိတ်ခံလိုက်ရပြီး​ အိမ်​ပေါ်မှာ ပုန်း​နေတဲ့​ သူ့​ကို ​သေနတ်နဲ့​ လှမ်း​ပစ်လို့​ ဆင်း​သွား​ပြီး​ အဖမ်း​ခံခဲ့​ကြောင်း​၊​ မြို့​ချောင်း​ရဲစခန်း​မှာ စခန်း​မှူး​ ရဲအုပ်တင့်​ဆွေကိုယ်တိုင် ဦး​ဆောင်ပြီး​ ထိုး​ကြိတ်နှိပ်စက်ခဲ့​တယ်လို့​ ​မောင်ရန်ပိုင်က ​ပြောပါတယ်။ “ကျ​နော့်​ကို သူတို့​က အတင်း​ဆင်း​ခိုင်း​တာ။ မဆင်း​ရင် ပစ်မယ်လို့​ပြောတယ်။ ကျ​နော်က ​ဘေး​နား​မှာရပ်​နေပြီး​ ကွယ်​နေလိုက်တယ်။ ကျ​နော့်​ကို ပစ်တာမထိပဲ ထရံကို ​သေနတ်ရာသွား​ထိတယ်။ ကျ​နော့်​ကိုပဲ ရဲစခန်း​ကို​ခေါ်သွား​ပြီး​ စခန်း​မှူး​က​နေ ​ခြောက်လှန့်​ပြီး​မေး​တယ်။ ဒီအမှုထဲမှာ မင်း​ပါလား​။ ကျ​နော်က​နေ မပါဘူး​ပြောလည်း​ ရိုက်တယ်။ စခန်း​မှူး​ကလည်း​ အဲဒီ​ကောင်ကို သတ်လိုက်၊​ ​သေရင်ငါရှင်း​မယ်လို့​ ​ပြောတယ်။ စခန်း​မှူး​အပါအဝင် ​လေး​ငါး​ခြောက်​ယောက်​လောက် ရှိမယ်။” ရဲ​တွေ ဝိုင်း​ထိုး​ကြိတ်ကန်​ကြောက်တဲ့​ဒဏ်​ကြောင့်​ ​မောင်ရန်ပိုင်ရဲ့​ ညာဘက်လက်ညှိုး​ကျိုး​ခဲ့​ရသလို၊​ ဘက် နား​တဖက်လည်း​ မကြား​ရ​တော့​ဘူး​လို့​ သူက ​ပြောပါတယ်။ နှစ်ရက်အကြာမှာ ခံဝန်လက်မှတ်ထိုး​ပြီး​ ပြန်လည်လွတ်​မြောက်လာခဲ့​တယ်လို့​ သူက ​ပြောပါတယ်။ ဒီ​နောက် သူတို့​ကို ထိုး​ကြိတ်တဲ့​ ရဲ​တွေကို အ​ရေး​ယူ​ပေး​ဖို့​ ​ကျောက်တံခါး​မြို့​နယ်ရဲစခန်း​ကို တိုင်ကြား​ရာမှာ မြို့​ချောင်း​ရဲစခန်း​အပိုင်မှာ ဖြစ်တာ​ကြောင့်​ မြို့​ချောင်း​ရဲစခန်း​မှာပဲ တိုင်ဖို့​ပြောခဲ့​တယ်လို့​ ​မောင်ရန်ပိုင်က ​ပြောပါတယ်။ ပထမနှစ်(အင်္ဂလိပ်စာ) ​ကျောင်း​သား​ ​မောင်ရန်ပိုင်က သူတို့​အ​နေနဲ့​ ရဲစခန်း​သွား​ရလာရတဲ့​အတွက် အလုပ်ပျက်ရသလို ​ကျောင်း​စရိတ်ထဲက​နေ ခရီး​စရိတ်အဖြစ် သုံး​ရတာမို့​ တရား​စွဲရ​အောင်လည်း​ တရား​စရိတ်မရှိဖြစ်​နေတယ်လို့​ ​ပြောပါတယ်။ သူတို့​တိုင်ထား​တဲ့​ အမှုရဲ့​နောက်ဆုံး​အ​ခြေအ​နေကို ​မောင်ရန်ပိုင်က “ရဲ​တွေကို​တော့​ မဖမ်း​ထား​ဘူး​။ ကျ​နော်တို့​ ချုပ်ထား​တဲ့​အချိန်မှာလည်း​ ရဲ​တွေကို လုံး​ဝမဖမ်း​ထား​ဘဲ ဒီတိုင်း​နေပြီး​ ကျ​နော်တို့​ကိုပဲ ဖမ်း​ထား​တယ်။ အမှု​တွေဘာ​တွေ လိုက်ရ​အောင် ပိုက်ဆံ​တွေဘာ​တွေ မရှိ​သေး​ဘူး​။ ​ကျောင်း​သွား​တက်ဖို့​ ​တောင်မှ ပိုက်ဆံမရှိလို့​ ဒီတိုင်း​ထိုင်​နေရတယ်။ ဒီကိစ္စဖြစ်​တော့​ ဟိုသွား​ဒီသွား​နဲ့​ ရှိတဲ့​ပိုက်ဆံလည်း​ ကုန်သွား​တယ်” လို့ ​ပြောပါတယ်။ ရန်ဖြစ်ပြီး​ ​သေနတ်နဲ့​လိုက်ပစ်ခံခဲ့​ရတဲ့​ ​မောင်ရန်ပိုင်ရဲ့​အစ်ကို ​မောင်မင်း​သူရက​တော့​ ​သေသည် ရှင်သည် မသိရ​သေး​ဘဲ ဘယ်​ရောက်​နေမှန်း​မသိ ဖြစ်​နေတယ်လို့​ သူကဆက်​ပြောပါတယ်။ ဒီသတင်း​နဲ့​ ပတ်သက်ပြီး​ ​ကျောက်တံခါး​မြို့​ ရဲစခန်း​နဲ့​ မြို့​ချောင်း​ရဲစခန်း​ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024