၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ဆန္ဒပြမှု ရပ်ဆိုင်း

ဓာတ်ပုံ - ရိုက်တာ
1.4K
အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အရှည်ကြာဆုံး အစာငတ်ခံဆန္ဒပြသူ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အမျိုးသမီးဟာ သြဂုတ် ၉ ရက်နေ့က ၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ပါတယ်။
အိန္ဒိယ လူ့အခွင့်အရေးခေါင်းဆောင် မစ္စ အိုင်ရွန် ရှာမီလာ ချနူးဟာ သူ့ရဲ့ အစာငတ်ခံဆန္ဒပြမှု သြဂုတ် ၉ ရက်နေ့မှာ ရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး သူနေထိုင်တဲ့ မဏိပူရပြည်နယ်လွှတ်တော်မှာ တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်အရွေးခံမယ်လို့ ပြောဆိုပါတယ်။
၂၀၀၀ ခုနှစ်က မဏိပူရပြည်နယ်မှာ အရပ်သား ၁၀ ဦးကို အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ပစ်သတ်ခဲ့ချိန်ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့တာပါ။
ကိုယ်တိုင် အစာမစားတဲ့အတွက် နှာခေါင်းကနေ ပိုက်နဲ့ အစာထည့်သွင်းပေးနေခဲ့ရတာပါ။
၂၀၁၄ သြဂုတ်လမှာ တရားရုံးက သူ့ကို လွှတ်ပေးခဲ့ပေမယ့် ဆက်လက်ဆန္ဒပြနေတဲ့အတွက် ၂ ရက်အကြာမှာ ပြန်ပြီး ဖမ်းဆီခံခဲ့ရတာပါ။
သူ ၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြမှုဟာ ကမ္ဘာတ၀န်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ အမျိုးသမီး အခွင့်အရေးအဖွဲ့တွေရဲ့ အသိအမှတ်ပြုမှု၊ ထောက်ခံအားပေးမှုကို ရရှိခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဖော်ပြခဲ့ပါတယ်။